UNICODE
"ဘာလဲ...မယုံဘူးလာ ဒီမှာကြည့်!"
RMကနောက်မှာထိုကောင်လေးကိုနမ်းနေတဲ့ပုံပင်...
ဟိုဆော့နဲ့ RM ကိုတူတူတွေ့တယ်ဆိုပြီး
Fan တွေတင်ထားတဲ့ စားသောက်ဆိုင််မှာဖြစ်သည်။smile hoya ဆိုသောကောင်လေးမှာ
RMနှင့် ချစ်သူတွေဖြစ်နေတာအတော်ကြာပြီဖြစ်၏။ကောင်လေးက Dancer တစ်ဦးဖြစ်ပြီးအနုပညာအသိုင်းအဝိုင်းကပဲမို့
ကောင်လေးနှင့်ဟိုဆော့တို့ရင်းနှီးကြ၏။RMကထိုကောင််လေးကိုသိပ်ချစ်၏။
သူ့ကလေးကိုဆိုသွားလေရာခေါ်သွားတတ်ပြီးအရမ်းအဖြစ်သည်းပြတတ်သည်။သူတို့ ro ပြတိုင်းလည်း လူကြီးကိုသတိလှမ်းရနေရတာအမော...
အဲ့လိုအချိန်မျိုးဆို သိပ်ပြေးတွေ့ချင်တာသူတို့နှစ်ယောက်ကို Fan တွေက shipတာကိုလည်းကောင်လေးကသိထားသည်။
ဘာပဲဖြစ်ဖြစ်သူတို့ကအမြဲအတူရှိနေတာမို့
ကောင်လေးက အပြစ်မမြင်ပဲနားလည်မှုရှိသည်။ဟိုဆော့အရမ်းရင်းနှီးသည်မှာ RMတစ်ယောက်တည်းမဟုတ်
Smile Hoya လေးရောဖြစ်၏။သူတို့သွားလေရာလည်း နှစ်ယောက်တည်းမဟုတတ် smile hoya လေးပါပါ၏။
ဒါကိုမသိပဲ...လူကိုအထင်လာသေးတဲ့လူကြီးကိုတစ်ကယ်စိတ်ဆိုးတယ်
"ကိုယ်...ကိုယ်တောင်းပန်ပါတယ်် ကလေး"
"တော်စမ်းပါ...လူကို ဖောက်ပြန်တယ်လို့ဆိုချင်တာမလား"
"အဲ့လိုမဟုတ်ပါဘူးကွာ...ကိုယ်အရမ်းချစ်လို့ပါ"
"မကောင်းတဲ့လူကြီး...လွမ်းလို့အပြေးလာတာရင်ဝကိုစောင့်ကန်လိုက်သလိုပဲဟင့်"
"လူကြီးတောင်းပန်ပါတယ်ငယ်ရာ...
ချစ်လွန်းလို့ဖြစ်သွားတာပါ...နော်""ဘာငယ်လဲ...လာမခေါ်နဲ့ စောစောကခေါ်သလို ဟိုဆော့လို့ပဲခေါ်စမ်းပါ"
"မခေါ်ပါဘူး...ချစ်တယ်...နော်ငယ်"
"သွား...လာမဖက်နဲ့"
"မရဘူး ဖက်မှာပဲ ချစ်တာကို..."
စိတ်ကောက်နေတဲ့ပုံဟာလည်း Jhope ပုံစံနဲ့ဝေးစွ
တစ်ကယ့် ဟိုဆော့လေးဟာ လူကြီးရင်ခွင်ထဲမှာတော့ ကလေးလေးတစ်ယောက်ပါ။
.
.
.
နှာဖျားလေးကို လက်နဲ့အသာထိပြီးနှိုးတော့
ငိုသံသဲ့သဲ့ကထွက်လာ၏။