Part 7

357 60 26
                                    

UNICODE

ဆယ်စုနှစ်တစ်ခုအထိကွဲကွာနေတဲ့သူတွေ
ပြန်ဆုံကြတဲ့အချိန် နှစ်ယောက်လုံးကလူလွတ်တွေမို့ ပြန်လည်ပေါင်းစည်းဖို့ရာအခွင့်ရေးတွေအများကြီးရှိသေးသည်။

နမ်ဂျွန်းအခုထိလူလွတ်ပဲဟုသိရချိန်တွင်
ဝင်းလက်သွားသောသူမမျက်နှာကို နမ်ဂျွန်းသတိထားမိပါ၏။
ဒါတင်မက မဖတ်တတ်သောအပြုံးတစ်ခုကိုပါတွေ့လိုက်ရ၏။

ဖုန်းနံပါတ်များအပြန်အလှန်ပေးခဲ့ကြပြီး
သူမကလည်း လာလည်အုံးမည့်အကြောင်း
ပြောပြီး ကိုယ့်လမ်းကိုယ်ပြန်ခဲ့ကြသည်။

အချစ်ဦးကိုပြန်တွေ့ရတာမို့ဝမ်းသာမိတာတော့အမှန်ပါ။
အချိန်တိုင်းမျှော်နေရတဲ့သူမကိုပြန်တွေ့ရတော့လည်း မယုံနိုင်စရာ သူကမလူလွတ်တစ်ယောက်ဖြစ်နေဆဲ

သူကဘက်ကလိုလားတဲ့အရိပ်အယောင်တွေနဲ့မို့ နမ်ဂျွန်းတွင်အခွင့်အရေးအများကြီးရှိပါသည်။

နမ်ဂျွန်းအိမ်ပြန်ရောက်သည်နှင့်
TVရှေ့တွင်ဆူညံနေကြသော ကလေးသုံးယောက်

"ကြည့်ပါအုံး အဘိုးကြီးကအသက်ကကြီးနေပြီ ကိုယ်မွေးစားထားတဲ့သမီးကိုပြန်ကြိုက်နေတာ"

"ဟုတ်တယ် မွေးပြီးစားတယ်ဆိုတာဒါမျိုးပေါ့ သနားပါတယ် "

ကလေးနှစ်ယောက်ကတော့ ဇာတ်ကားကြည့်ရင်း ဟိုဆော့ကိုလှမ်းလှမ်းပြောနေ၏။
ဟိုဆော့မှာတော့ စကားမပြောပဲ
ငြိမ်ငြိမ်လေးကြည့်နေသည်သာ...

သူတို့ပြောနေတဲ့စကားကိုကြားပြီးနောက်ကျောပင်လုံချင်တော့ပါ။
တစ်ကယ်ဆို ဟိုဆော့အပေါ်ဘယ်လိုသဘောထားလဲဆိုတာ ကိုယ်တိုင်ပင်မတွေးရဲ
မဖြစ်သင့်ဘူးမဟုတ်လား...

"ဟိတ်ကလေးတွေ! လိုင်းပြောင်းလိုက်
ဘာလဲ အချစ်ကားတွေကြည့်နေကြတာ"

ဘိုယောင်းရောက်လာပြီး
သူတို့လေးတွေကိုလာဆူသည်။

"လေးလေးဘိုယောင်းကလဲဗျာ
ကြည့်စရာမရှိလို့ပါ"

"ဟိုလိုင်းမှာ ဒီအချိန်ဆိုကာတွန်းလာနေလောက်ပြီ
လိုင်းပြောင်းပေးမယ်"

Nge-ငယ်Donde viven las historias. Descúbrelo ahora