Part 10

360 67 32
                                    

UNICODE

သတင်းစာမှာပါလာတဲ့
လူပျောက်ကြော်ငြာထဲက
ဂျောင်ဟိုဆော့ ဆိုတာ သူပဲ
သေချာတယ်!

လွန်ခဲ့တဲ့ လအတော်များများကတည်းကပျောက်နေခဲ့တာပဲ
ဂျွန်းဆီကိုရောက်နေတာအတော်ကြာပြီပေါ့
ဟုတ်လား

ဂျွန်းကိုငါကပဲလှည့်စားနိုင်ပြီထင်နေတာ
မင်းလေးကတော်သားပဲ!
ဆင်းရဲပါတယ် ပထွေးနှိပ်စက်ခံရပါတယ်ဆိုပြီးအသနားခံပြီးလာနေတယ်

ဂျွန်းသာသိရင် သူ့ယုံကြည်မှုကိုအလွဲသုံးစားလုပ်တယ်ဆိုပြီး
နင်တော့...

သတင်းစာကို နမ်ဂျွန်းမြင်သာတဲ့နေရာမှာထားထားပြီး
ကောက်ဖတ်အောင်ဖန်တီးလိုက်သည်။
.
.
.

ယုံကြည်ထားခဲ့သမျှဟာ
သနားခဲ့သမျှဟာ နောက်ဆုံးမေတ္တာထားခဲ့သမျှဟာ လိမ်ခံလိုက်ရသလိုပဲ

မိဘဆွေမျိုးရှိပါလျှက်နဲ့
လူကိုအရူးလာလုပ်တာပဲ...
မင်း သိပ်ကို ဟန်ဆောင်ကောင်းတာပဲ
သူဌေးသားလေးရဲ့...
.
.
.
.
အိမ်ထဲကိုဝင်ဝင်ချင်း အိမ်ဝမှာလက်ပိုက်ပြီး
ရပ်နေတဲ့ ဆိုမင်က အောင်နိုင်သူအပြုံးဖြင့်
ပြုံးပြ၏။

စိတ်ရှုပ်စရာအမျိုးသမီးကိုလစ်လျှူရှူရင်း
အိမ်ထဲသာဝင်လာခဲ့လိုက်သည်။

"ဂျောင်ဟိုဆော့!
Hope Groupရဲ့တစ်ဦးတည်းသောဆက်ခံသူလေး "

"ဟမ်...လူကြီး..."

နမ်ဂျွန်းစကားဟာ နားထင်မွှေးတွေပင်ထောင်သွားလောက်ရအောင် ဟိုဆော့ကိုထိတ်လန့်စေသည်။

လူကြီးကိုတမင်လိမ်ခဲ့တာမဟုတ်ပါဘူး
လူကြီးမုန်းသွားပြီလားဟင်...

"ရော့!"

သတင်းစာကိုဟိုဆော့ဘက်သို့ပစ်ပေးပြီး
ကောက်ဖက်လိုက်တော့ လူပျောက်ကြေငြာထားတဲ့ သတင်း...

လူကြီးတစ်ကယ်သိသွားပြီပေါ့....

"ကျွန်တော်တောင်းပန်ပါတယ် လူကြီး
အဲ့တုန်းက ကျွန်တော်အခက်အခဲဖြစ်နေခဲ့..."

"မင်းအရူးလုပ်ရတာသိပ်ပျော်တယ်ပေါ့
ဟက်!
မင်းတော်ပါတယ်...ငယ်ငယ်ရွယ်ရွယ်နဲ့လိမ်တတ်သားပဲ...
မင်းသိလား မင်းဘယ်လောက်တော်လဲဆိုရင်
ငါတင်မက အလုပ်သမားတွေပါအလိမ်ခံရတာ"

Nge-ငယ်Where stories live. Discover now