Part 9

334 63 30
                                    

UNICODE

လကွယ်ညမို့ တစ်လောကလုံးက ပုံမှန်ထက်အမှောင်ကျနေသည်။
အရာအားလုံးတိတ်ဆိတ်နေပြီး
အမှောင်ဖုံးနေ၏။

ရွှတ်...ရွှတ်...

အပြင်ဘက် ပြတင်းပေါက်နားမှ
အသံကြောင့် အိပ်ပျော်ခါနီး ဆိုမင်မှာ လန့်သွား၏။

အပေါ်ထပ်မှာဖြစ်ပြီး ပြတင်းပေါက်ဘေးမှာ
သစ်ပင်သာရှိတာကြောင့် အသံကဘယ်နားကလာမှန်းမသိ

ရွှတ်ရွှတ်...

တစ်ဖြည်းဖြည်းပိုပြီး
ကျယ်လာတဲ့အသံကြောင့်
ပြတင်းပေါက်ကိုထပိတ်ရန်ပြင်လိုက်သည်။

လူ့သဘာဝအတိုင်းကြောက်နေပါသော်လည်း
မျက်စိက မကြည့်မနေနိုင်ဆိုသလို
ပြတင်းပေါက်ပိတ်ရင်း အပြင်ကိုဝေ့ကြည့်မိတော့ ခြံထဲကဒန်းပေါ်မှာ ဝတ်ရုံအဖြူတစ်ခုကိုလှမ်းတွေ့၏။

ပြတင်းပေါက်ဘေးကသစ်ပင်ဟာလည်း
လှုပ်လှုပ်ရှားရှား

ဒါနဲ့ပဲပြတင်းပေါက်ကိုအမြန်ပိတ်
လိုက်ကာကိုချလိုက်ပြီး
စောင်ကိုခေါင်းမူးခြံပြီးအိပ်လိုက်၏။

ခနကြာတော့ တံခါးခေါက်သံကြားရပြန်သည်။

ဒေါက်...ဒေါက်...

မဖွင့်ပေးမချင်း အဆက်မပြတ်ခေါက်နေတာမို့ ဖွင့်ပေးရန်ထလာလိုက်သည်။
နဂိုကြောက်နေတာမို့ မီးဖွင့်တော့လည်း မီးကပျက်နေ၏။

"အမလေး...ကယ်ကြပါအုံး...သရဲ...သရဲ"

တံခါးဖွင့်လိုက်သည်နှင့်ပေါ်ထွက်လာသော
ကြောက်စရာရုပ်ကြီး  သွေးရဲရဲဖြင့်ကြောက်စရာကောင်းနေသော မြင်ကွင်းကြောင့်
လိပ်ပြာလွင့်မတတ်အော်ခါမှ အိမ်ကလူတွေပြေးထွက်လာကြသည်။

"ဘာဖြစ်တာလဲ ဆိုမင်!"

နမ်ဂျွန်းကမီးတွေလည်းထဖွင့်လိုက်၏။

"ဟင့်...ဂျွန်း...သရဲ...သရဲခြောက်တယ် ဟင့်"

"ဟမ်! မဖြစ်နိုင်တာ ငါ့အိမ်မှာသရဲမရှိပါဘူးဆိုမင်"

"ငါမလိမ်ဘူးဂျွန်း  အသေအချာကိုတွေ့လိုက်တာ...ဒီနားမှာ ပြီးတော့အိမ်ရှေ့မှာရော...ငါမီးတွေဖွင့်တုန်းကလည်း ဖွင့်လို့မရဘူး..."

Nge-ငယ်Onde histórias criam vida. Descubra agora