Part 8

353 65 27
                                    

UNICODE

"ဂျွန်းမှတ်မိလား အထက်တန်းတုန်းကလေ
ငါတို့ကျောင်းတစ်ခါပြေးဖူးတာကို"

"အင်း အဲ့တုန်းကအရမ်းပျော်ဖို့ကောင်းခဲ့တယ်...အိမ်ပြန်ရောက်တော့အရိုက်ခံရကော"

"ဟီးဟီး  ဟုတ်ပါ့နော်
အဲ့နေ့ကလေငါအပျော်ဆုံးနေ့ပဲသိလား"

အဲ့နေ့က နမ်ဂျွန်းက သူမကိုဖွင့်ပြောခဲ့တဲ့နေ့
ရှက်သွေးဖျာနေတဲ့သူမက စဥ်းစားပေးမယ်ပြောလို့ အပျော်ကြီးပျော်ခဲ့ရသေးတာ

အဖြေပေးတဲ့နေ့ကတော့ဝမ်းအနည်းဆုံးနေ့ပေါ့
သူတို့ပြောင်းတော့မယ့်သတင်းကြောင့်
အဖြေရတာတောင်မပျော်နိုင်ခဲ့ဘူး...

အဲ့နေ့က....
"ဂျွန်း...ငါနင့်ကိုချစ်တယ်...ငါပြန်လာမှာမို့ဆက်ဆက်စောင့်နေနော်"

"အဆက်အသွယ်မဖြတ်ပစ်နဲ့နော်ဆိုမင်
ငါနင့်ကိုအမြဲစောင့်နေမယ်...ပြီးတော့ ချစ်တယ်"

ထိုနေ့ကနောက်ဆုံးအနေဖြင့်
ကိုယ်တိုင်စိုက်ထားသောပန်းလေးကို
သူမကိုပန်ပေးလိုက်သည်။

ကွဲသွားတဲ့အချိန်ကစပြီးအဆက်အသွယ်မပြတ်ရှိနေခဲ့ပေမယ့်
သူမဘက်ကနေရုတ်တစ်ရက်ကြီးအဆက်အသွယ်မရတော့တဲ့အခါ နမ်ဂျွန်းမှာအလူးအလဲ...

အခုတော့ ပြန်တွေ့ခဲ့ပြီပေါ့...
မင်းငါ့ကိုမျှော်လင့်ချက်လာပေးတာတော့မဟုတ်ဘူးမလား...

ငါကြိုးစားကြည့်ချင်တယ် နင်နဲ့အရင်လိုပြန်ဖြစ်ဖို့...မတိကျတဲ့ငါ့စိတ်က မဖြစ်နိုင်တာတွေကိုတားဆီးဖို့ရာ...ငါနင့်ကိုချစ်ရမယ် ဆိုမင်ဟုတ်တယ်...

"လေးလေး...လေးလေး ကိုကြီးဗိုက်အောင့်လို့တဲ့!"

ကလေးကလာပြီးခေါ်သည်နှင့်
ဆိုမင်ကိုလှည့်မကြည့်အားပဲချက်ချင်းထလိုက်သွား၏။

တောက်စ်! နင်လေးကဘာမို့လို့ဂျွန်းကအဖြစ်သည်းပြနေရတာလဲ
ဒီမှာ ဇာတ်လမ်းကပြန်စတော့မယ့်ဟာကို
ငါဂျွန်းနဲ့လက်ထပ်ပြီးခါမှ နင်လေးကိုလည်း
မောင်းထုတ်ပစ်ရမယ်!

သွေးမတော်သားမစပ်တဲ့ကောင်လေးတစ်ယောက်ကို အိမ်မှာ အလုပ်ခိုင်းတာလည်းမဟုတ်ပဲ ဒီတိုင်းခေါ်ထားတာကြောင့် ဆိုမင်သိပ်မကြည်

Nge-ငယ်Donde viven las historias. Descúbrelo ahora