[Unicode]
20ရာစုနှောင်းပိုင်းကာလတစ်ခုရဲ့ ညတစ်ည
ရဲတိုက်သဖွယ်ခမ်းနားလှတဲ့အိမ်ကြီးထက်
မျက်စိရှေ့တင် မိမိဖခင်၏အသက်မရှိသောခန္ဓာကိုယ် ကို နင်းချေရင်းမိခင်ရှိရာသို့လှမ်းလာနေသောခြေလှမ်းတို့
" မဖြစ်ဘူး မဖြစ်ရဘူး Maee"
"သခင်လေး အမြန်ထွက်ခွာမှရမယ်"
ဘေးနားက ဦးလေး ရဲ့ စကားသံကိုမကြားနိုင်
"ဟင်အင်း Mae Por ကျနော့်မိဘတွေကိုမထားခဲ့နိုင်ဘူး မထားခဲ့ပါရစေနဲ့"
မိမိပါးစပ်အားအုပ်ကိုင်ရင်းဆွဲခေါ်သွားသောလက်များအားပြန်လည်ရုန်းကန်ရင်းမိခင်ရှိရာအရပ်သို့သာ
မျက်ဝန်းထံမှမျက်ရည်များနှင့်အတူ သူမဆီမလာဖို့ရာ ခေါင်းအတွင်တွင်ခါပြရင်း ဖြင့်ပင် နှလုံးသားတည့်တည့်ကို ငွေဓားစိုက်နှင့်လိုနေပြီ။
ကျယ်လောင်လှတဲ့ရယ်သံတို့က ထို လူ့တိရိစ္ဆာန်ဆီမှာ
*****
Sumettikul စံအိမ်၌ အိမ်ကြီးရှင်သခင်မ မှာ မီးဖွားရန်အတွက် အခက်ခဲ ဖြစ်နေ၍ အစေခံများပွတ်လောရိုက်လို့နေသည်။
"သခင်မ အားတင်းထားပါနော် ထပ်ပြီး အားစိုက်ကြည့်ပါအုံး "
အိမ်တော်ထိန်းမှာလည်း မီးသွေးခဲခုထိုင်ထားရသည့်နှယ် ခြေမကိုင်မိလက်မကိုင်မိနှင့် သခင်ကြီး၏ အိမ်အပြန်လမ်း အဆင်ပြေချောမွတ်ဖို့ရာသာဆုတောင်းနေမိပါရဲ့
*****
"ကျနော့်ကိုလွှတ် ကျနော် အဲ့ လူ့တိရိစ္ဆာန်ကိုသတ်မယ်"
မြင်းစီးရင်းထွက်သွားသော သူနောက်ကို လိုက်ဖို့ရာ Vampire တစ်ကောင်အတွက် ခဲရင်းသည့်အလုပ်မဟုတ်
ဖြန်း!!!
ပူထူသွားတဲ့ပါးပြင်နှင့်အတူတစပ်တည်း
"မင်းလိုစဉ်းစားဆင်ခြေဉာဏ်မရှိ တဇွတ်ထိုးသမားအတွက်အခုနေသွားရင်သေလမ်းပဲဆိုတာနားလည်လား မင်းမျက်လုံးတွေကို သေချာဖွင့်ကြည့်စမ်း တွေ့လား မင်းမိဘတွေရဲ့ အလောင်းကို သူတို့ကမင်းကိုအထိခိုက်မခံနိုင်လို့စတေးသွားရတာ မင်းက လွယ်လွယ်သွားသေမို့လား ဟမ် Jakapan"