[Unicode]
(Nt: warning အောက်နားရောက်ရင်ထပ်သတိပေးပါ့မယ်)
"Bui ဘယ်ကိုသွားနေတာလဲ"
"ဟမ် မင်း မင်းငါ့ကိုဘယ်လိုခေါ်လိုက်တာလဲ"
Mae နဲ့ Porရဲ့အဖျားစွတ်ခေါ်နေကြနာမည်လေးမို့ရင်ထဲသိမ့်ခနဲဖြစ်တည်လာရသည်။
"Buiလို့လေ ဘာလို့လဲ ဆန်းနေလို့လား Bui နဲ့ Beauty နဲ့အသံထွက်ဆင်တယ်လေ"
"အဲ့တော့ ငါကဘာလုပ်ရမှာလဲ"
"ဘာမှမလုပ်ရပါဘူးဗျာ ကျွန်တော်ကဒီအတိုင်းလှလို့ခေါ်တာ ခေါ်လို့ရတယ်မဟုတ်လားဟင်Bui"
"မင်းအခုလည်းခေါ်နေတာပဲလေ မရဘူးပြောလဲ ခေါ်နေမှာပဲမဟုတ်လား"
"သေချာတာပေါ့ဗျာ"
စပ်ဖြီးဖြီးဖြင့်ပြောလာတဲ့ ကောင်ကို စိတ်မမှန်တဲ့ကောင်ဆိုတဲ့အကြည့်နဲ့ပဲတုံ့ပြန်လိုက်တယ် တကယ်လည်းစိတ်မမှန်တာပဲလေ ချောတဲ့သူကိုလှတယ်ပြောထဲကSumettikul မျိုးရိုးရဲ့သားက တပြားလိုနေပုံပဲ
ကိုယ့်အတွေးနဲ့ကိုယ်သာလျှင်အနည်းငယ်ပြုံးယောင်သန်းမိသား
"Buiပြုံးနေရင်ပိုလှတယ်နော်"
ထိုအသံကြောင့်ပင်ကျက်သရေအဖြာဖြာတုံးသွားရသည်။
"မင်းဒီလိုအပိုတွေအလိုတွေဆက်ပြောနေမယ်ဆို ဆက်လိုက်မလာနဲ့"
******
"လွှတ်ပစ်လိုက်တယ်ဟုတ်လား"
"ဟုတ်ပါတယ် အရှင် ကျွန်ုပ်ကိုယ်တိုင်မြင်လာတာပါ"
"ဟားး ဒီကောင်တွေအခုထိ လူသွေးမသောက်ဘူးပေါ့ အံ့ဖွယ်အတိပဲ"
Violence သခင်ကြီး၏ရီသံများသည် ဆောင်အိမ်ကြီးတလျှောက်မြည်ဟီးလို့နေသည်။
" ခေါင်းဆောင်အသစ်ဆိုတဲ့ သူကရော "
" လူသားသွေးတစ်ဝက်နှောတဲ့သူသေချာပါတယ်အရှင် "
" Tong Thanayut ရူးသွားတာလား စိတ်ဝင်စားစရာပဲမြောက်ပိုင်းကို ငါအခုသွားမယ် "
"အမိန့်တိုင်းပါအရှင်"
တောင်ပိုင်း၏ အရှင် Heinous (ဟိနက်စ်) တစ်ဖြစ်လည်း Violence ခေါင်းဆောင်သည်ကာ ချွန်ထက်သောမေးရိုးနှင့်ရုပ်ရည်ရူပကာသည်က မြင်သူများအဖို့ငေးခနဲဖြစ်နေသည်မှာလက်မခံချင်သော်လည်းလက်ခံရမည့်အမှန်တရားပေ။