Part-8

436 48 1
                                    

[Unicode]

"သားအတွက် Daddyဂုဏ်ယူတယ် "

ပြန်လာတိုင်းကြားနေကျသာမန်စကားပင်သို့သော်ဒီကနေ့ ကချစ်ရသူအကြောင်းပြောရရမည်မို့

ပုခုံးကိုဆုပ်ကိုင်ကာ ချီးကျူးစကားဆိုလာတဲ့ဖခင်ရဲ့စကားသံက Bibleကိုပိုလို့အားအင်တွေရှိလာစေသည်။

"ကျနော်တစ်ခုပြောလို့ရမလား Daddy"

" ပြောလေ သား"

"ပြောစကားဆိုတာထပ် လိုချင်တာ Daddy"

"ထူးထူးခြားခြားပါလားငါ့သားရ"

ပြုံးပြီးဆိုလာတဲ့ Daddy ကြောင့် Bible ပြောဖို့ရာကုတ်ပိုးကိုသပ်ရင်း

"Mommy သားလေးကဘာလိုချင်လို့လဲ ပြောလေ"

အနောက်မှ စတော်ဘယ်ရီနီနီရဲတို့ထည့်ထား သောအချိုပွဲပန်းကန်ကိုင်ရင်းလာတဲ့ Mommy က လက်တစ်ဖက်နဲ့ Bible ရဲ့ဆံသားတို့အားဖွကာ Daddy ဘေးနားသွားထိုင်လျက်

"ကျနော်.... ကျနော်လေ လူတစ်ယောက်ကိုချစ်မိနေပြီ...ကျနော်သူ့ကိုလက်ထပ်ချင်တယ် တစ်ဘဝလုံးစာအတွက်လက်တွဲချင်တယ်"

Sumettikul သခင်မရဲ့မျက်ဝန်းတို့မှာ အရောင်လဲ့လဲ့နှင့်

"Mommyသားတောင်အရွယ်ရောက်လာပြီပဲ...ဆိုပါအုံး ဘယ်အိမ်ကသမီးလေးလဲ ဘယ်လိုဆုံခဲ့ကြတာလဲ၊ ငါ့သားကမေတ္တာမျှတ‌ဲ့အကြောင်းရောပြောပြီးပြီလား ငါ့သားလေးချစ်တာဆိုတော့ အချောအလှလေးပဲနေမှာ"

သခင်မကတော့မိန်းမတို့သဘာဝအတိုင်းအမေးမြန်းထူနေအမွှန်းတင်နေပါရောလေ

"Orchid ရယ်မေးခွန်းတွေကများလိုက်တာကွာ သားပြောမှာပေါ့ စောင့်ပါအုံးလား "

"သိချင်တာကိုသခင်ကြီးရဲ့"

Sumettikul သခင်က သူရဲ့ချစ်ဇနီးကိုကြည့်ကာ ခေါင်းတခါခါနှင့်ခပ်ဖွဖွရီလျက်ပင်

"ကျနော်ချစ်မိတာ မိန်းကလေးတစ်ယောက်မဟုတ်ဘူး Daddy Mommy "

ရုတ်တရက်အေးခဲသွားတဲ့စကားဝိုင်းက နဂို Bible မျှော်လင့်ထားသလိုပါပဲလေ များမကြားလိုက်

"အိုး မိန်းကလေးမဟုတ်တော့ရော ဘာဖြစ်လဲ ငါ့သားချစ်နေရင်ရပြီ "

OBSESSION Where stories live. Discover now