Part-9

476 46 13
                                    

[Unicode]

(A/N : ဟိုတနေ့ကရေးတဲ့ထဲတောင်ပိုင်းနဲ့မြောက်ပိုင်းမှားရေးမိသွားပါတယ် ပြန်ပြင်ပြီးသွားပေမဲ့ ဒီအတိုင်းဖတ်ပြီးသွားတဲ့သူတွေမသိမှာစိုးလို့)

"သခင်လေး ဒီမှာခဏနားပါ ကျနော်ပတ်ဝန်းကျင်ကိုအကဲခတ်လိုက်အုံးမယ်"

Basရဲ့စကားကိုခေါင်းသာငြိမ့်ပြလိုက်သည်။

အခုရောက်နေသည့်နေရာက တောင်ပိုင်း Pearl ‌‌ဒေသ Pink Zone ရှိ Nightmare Bar ပင်

ထိုင်ခုံအလွတ်တစ်ခုမှာ ဝင်ထိုင်ရင်း ဘေးဘီကိုအကဲခတ်နေမိပါရဲ့

Pearl နယ်မြေက Black White နှင့် Pink ဆိုပြီး ဇုံသုံးရှိသည်။

အခု Buiတို့ရောက်နေသည် Pink zone ဤဇုန်မှာ လူသားမျိုးနွယ်အများစုနှင့် Vampire တို့၏ ရန်သူတော် werewolf (သမန်းဝံပုလွေ)တို့ကျက်စား နေထိုင်ကြသည်။

ထို့ကြောင့်မကြာခဏဆိုသလို ရန်ပွဲများရှိသလို Van Helsingများနှင့်ပါရှုတ်ထွေးပွေလီလှသည်။ လူသားတို့အဖို့တစ်ချက်အသွားအလာမှားလျှင်အသက်ဆက်ဖို့ရာလမ်းမရှိပင်

သို့သော် ရေမြေကောင်းဖြစ်သည်မို့ လူအများစု၏လောဘအလျှောက် ဒီ zone မှ မထွက်ခွာနိုင်ကြပေ။

Black နှင့် Whiteသည် တောင်ပိုင်း Vampire တို့ကျက်စားရာဖြစ်သလို Van Helsing ဖြစ်နေသောသူတို့ပင် Pink zone ကိုဖြတ်သန်းရန်ပင်မလွယ်Black နှင့် White zoneနယ်မြေတို့ဆိုလျှင် အာဎလူများပင်မသွားရဲသလောက်ရှားသည်။သွားခဲ့လည်းအိမ်ပြန်လမ်းမရှိသူများချည်းသာ....

Pink Zone မှ Vampire အကြီးကဲ Dandori(ဒန်ဒိုရီ) နှင့် သူ၏နောက်လိုက်နှစ်ဖော်ဖြစ်​သော Luniya(လုနီယာ) နှင့် Lunina(လုနီနာ) အမွှာကိုယ်ရံတော်နှစ်ယောက်သည် တောင်ပိုင်းသခင် Henious အားကိုးရာ ဖြစ်သကဲ့သို့ ဤဒေသရှိလူသားမျိုးနွယ်စုများအ ​ေပါ်အာဏာစက်လည်းရှိသေးသည်။ထိုအချက်ကြောင့်ပဲ ဒီဒေသကို လို သလိုခြယ်လှယ်သည် ဟု Buiကြားခဲ့​ဖူးသည်။

ဒီအခြေနေပေါ်မူတည်ပြီး သတင်းတွေအရ Bible ကဒီကိုမကြာခင်ရောက်လာမည်ကိုလည်း Buiတွက်ချက်မိသည်။

အတွေးထဲနစ်ဝင်နေခိုက်

"ဟေ့ ကိုယ့်လူ ဘာအလိုရှိသလဲ"

OBSESSION Where stories live. Discover now