Part-2

637 52 6
                                    


[Unicode]

လွန်ခဲ့သော၁၈နှစ်ခန့်

ခွပ်!!

နှုတ်ခမ်းတောက်လျှောက်ပူထူမှုနှင့်သွေးများစို့လျက်

"မင်းရူးနေပြီလား ငါ့မျက်နှာကိုသေချာကြည့်စမ်း"

မြေပြင်ပေါ်လှဲကျသွားတဲ့ခန္ဓာကိုယ်ကိုပြန်မတ်ရင်း

"ငါမရူးဘူး ငါသူမကိုမြတ်နိုးတယ်"

"ချီးပဲ! တမိုးအောက်က Puttha သခင်လေးက လူမဟုတ်တဲ့မကောင်းဆိုးဝါးတစ်ကောင်ကို မြတ်နိုးတာတဲ့ ဟားးး"

ခြောက်ကပ်ကပ်လှောင်ရီသံကိုမျက်ကွယ်ပြုရင်းမိမိချစ်ရသူအတွက်ရင်ဆိုင်ဖို့ရာအသင့်ပင်

"သူမကမကောင်းဆိုးဝါးမဟုတ်ဘူး"

"လူတွေရဲ့သွေးကိုစုပ်ပြီးစားသောက်နေတာတောင်မကောင်းဆိုးဝါးမဟုတ်ဘူးဟုတ်လား  မင်းကိုမင်း Van Helsing ဆိုတာရောသိသေးရဲ့လား"

" ငါသိတယ် ငါအဲ့အတွက် ဒီအလုပ်ကိုစွန့်လွှတ်နိုင်တယ် "

" ဘယ်လို ဘိုးဘေးတွေရဲ့ ဝိဉာဉ်တွေ တော့ ပူဆွေးနေတော့မှာပဲ ကြီးမြတ်တဲ့အရှင် Venomous (ဗန်းနမက်စ်) ရဲ့ အစွယ်အပွားလို့ပြောဖို့တောင်ရှက်စရာကောင်းလိုက်တာ"

" ဒီမှာ Sumettikulသခင်လေး အရှင် Venomous က မကောင်းမှုတွေကျူးလွန်တဲ့ မြို့စား ဒရယ်ကူလာကိုနိဂုံးချုပ်လိုက်ပြီ‌လေThakoonauttayaမျိုးရိုးကယခင်ကသူ‌ကောင်းမျိုးရိုးစင်စစ်ပဲ ဆိုတာ မင်းအသိပဲ"

"သိတော့ရော အခုသူတို့ကလူသားဟုတ်သေးလို့လား သူတို့လက်အောက်က မျိုးနွယ်ဝင်တွေက လူသားမျိုးနွယ်စုကိုတိုက်ခိုက်မှုလုပ်ကြလို့ မင်းကိုယ်တိုင်မင်းရဲ့ဟော့ဒီလက်တွေနဲ့ ဇီဝိန်ချုပ်ခဲ့တာကိုရောမင်းမေ့နေသလား "

"ငါ......"

"မင်းအမြင်မှန်ရပါတော့"

ပုခုံးပေါ်လက်တင်ကာပြောလာတဲ့သူရဲ့လက်တို့အားနေရာမှာမချမိငူငိုင်းရင်းသာ

******

စန္ဒရားတီးသံပြန်လွှင့်နေတဲ့အိမ်ကြီးထပ်

နာကျင်မှု၊ အထီးကျန်မှုတွေကသံစဉ်ထဲမှာပေါ်လွင့်လို့နေသည်။

OBSESSION Where stories live. Discover now