Part-3

526 48 7
                                    

[Unicode]

ရက်ကိုလစား လကိုနှစ်စားဖြင့် ယခုဆိုလျှင်
Sumettikul အိမ်တော်မှ သခင်လေး
Bible Wichapas Sumettikul ၏ အသက်18နှစ် ပြည့်မွေးနေ့လေးရောက်ရှိလာသည်။

"ပျော်ရွှင်ဖွယ် မွေးနေ့ဖြစ်ပါစေ သခင်လေး"

လူထုရဲ့ဆုတောင်ထောပနာသံတွေ ခန်းမအလယ် ညံလျက်

သခင်လေးက ယဆို အသက်ပြည့်တဲ့လူပျိုပေါက်ပီပီ ကာယဗလကလည်း ပျိုမေတွေ ရဲ့အိမ်မက်သတိုးသားအလားမှတ်ရသလိုပင်

ရုပ်ရည်ပိုင်းဆိုင်ရာမှာလည်း အပြစ်ပြောစရာမရှိ တည်ကြည်စူးရှတဲ့မျက်၀န်းတစ်စုံနဲ့ ယောက်ျားဆန်တဲ့ မေးရိုးတွေက မြင်ရသူအဖို့ ခြေတော်ရင်းကိုဦးခိုက်မတက် ပျော်၀င်စေသည်။

အရည်ချင်းရှိသူမျိုးရိုးမြင့်သခင်လေးကိုသား သားမက်တော်ချင်းကျသူများမှာလဲ ဒုနဲ့ဒေးပေ။

သခင်လေးဟာ ပြင်းရှတဲ့ဝိုင်တစ်စက်လိုထည်ဝါသည်။

"ကဲ ကဲ ခန်းမထဲမှာရှိတဲ့ပရိတ်သတ်အပေါင်းတို့ Sumettikul အိမ်တော်မှ ရာထူးလွဲပြောင်း‌ပေးပွဲ မကြာမီ စတင်တော့မည်ဖြစ်ပါတယ်"

တဖြောင်း ဖြောင်း မြည်ဟီးညံဝေ သွားသော လက်ခုပ်သံတို့က လူထု၏စိတ်၀င်စားမူကို ဖော်ဆောင်နေသည်မှာထင်ဟပ်လှသည်။

"Van Helsing မျိုးရိုးဖြစ်တာကြောင့် အဖိုးအမွေ အဖေ့အမွေ တစ်ဆင့်ချင်းလက်ဆင့်ကမ်းလာခဲ့တာ ခုတော့ သခင်လေး Bibleအလှည့်ကိုရောက်လာပြီပဲ မကောင်းဆိုးဝါးတွေကိုနှိမ်နှင်းပေးမဲ့ သူရဲကောင်းလေးကိုဂုဏ်ပြုပါတယ်"

"ရော့ သား ဒါက Daddyတို့ခေတ်အဆက်ဆက်အသုံးပြုလာခဲ့တဲ့ ငွေဓားမြှောင်ပဲ ကောင်းကောင်းအသုံးချရမယ်နော် "

"စိတ်ချပါDaddy"

"ပထမဆုံး အတွေ့အကြုံအနေနဲ့ ဗန်ပိုင်းယား တစ်ကောင်ကို အဖေ့အရှေ့ကို အရှင်ရရ အသေရရ ယူလာပြပါ
သားရဲ့တိုက်ခိုက်စွမ်းနဲ့ လက်ရည်ကိုလည်းချပြရင်းပေါ့ "

"Phi ဒါက အန္တရာယ်များတယ်လွန်းလှပါတယ် သားတစ်ယောက်ထဲလွှတ်ဖို့လား"

သခင်မက တစ်ဉီးထဲသောသားလေးကိုစိတ်ပူတာအမှန် လွန်ခဲ့သောဆယ်နှစ်ကျော်မှ ရှေ့ဖြစ်ဟောသူ Namphueng ၏ဟောကိန်းကိုကြားယောင်လာရင်း သခင်မရင်မှာအပူလှိုင်းတို့ကြီးလာရသည်။

OBSESSION Where stories live. Discover now