[Unicode]
မျက်လုံးများမှေးစင်းကာနိုးလာတော့ ညနေခင်းဥဩငှက်သံအားကြားမိပါရဲ့
အနည်းငယ်ထိုးကိုက်နေတဲ့ခေါင်းကိုခါယမ်းပြီး ဘေးနားမှာနှစ်ခြိုက်စွာအိပ်နေတဲ့ ချစ်ရသူ၏ပါးမို့မို့လေးအား မြတ်မြတ်နိုးနိုး နမ်းရှိုက်မိပြန်ပါရောလေ
အသက်ရှုသံမှန်စွာအိပ်မောကျနေသည့်ချစ်ရသူလေးအားစောင်သေချာခြုံပေးကာ စားဖို့တစ်ခုခုလုပ်ပေးရန်အောက်သို့သာဆင်းလာခဲ့သည်။
ဟိုတနေ့က Vampire အကြောင်းBuiကိုမေးရအုံးမည်။ဒီတောအုပ်က Vampire တွေကျက်စားရာနေရာမို့ ဘယ်လိုအကြောင်းနှင့်မျှချစ်ရသူကိုစိတ်မချနိုင်ပေ။ကိုယ်မရှိခဲ့တုန်းကသူတစ်ယောက်ထဲဘယ်လိုများဖြတ်သန်းလဲ အတွေးတွေက မရှိခဲ့တဲ့အတိတ်ကာလအတွက်ပင်ရင်ထဲပူလောင်မှုတို့ကကြီးစိုးလို့နေသည်။
ရိပ်ခနဲဖြစ်သွားသောနောက်ဘက်ခြမ်းကိုသင်္ကာမကင်းရှိလျက်
ဧည့်ခန်း၌ထားထားသောမိမိ၏သေနတ်နှင့်ကျည်ကဒ်ကို ကိုင်ကာ အခြေနေအားစောင့်ကြည့်လျက်နှင့်ပင်
"အဲ့နားကဘယ်သူလဲ"
ခြေလှမ်းတို့အားဖြေးညှင်းစွာလှမ်းရင်း
အလျင်အမြန်မိမိရှေ့အားတိုက်ခိုက်ဖို့ကြိုးစားသောတစ်စုံတစ်ခုကြောင့်
လက်ထဲကသေနတ်ဖြင့်ဦးစွာပစ်ခတ်မှုပြုလိုက်သည်။
အစွယ်များ လက်သည်းရှည်များဖြင့် လှဲကျသွားသည့်
Vampire တကောင်"အားးးးးး"
ငွေကျည်ဆန်အစွမ်းကြောင့် ကျယ်လောင်စွာအော်ငြီးနေတဲ့မကောင်းဆိုးဝါး
ပုခုံးကိုထိသွားပေမဲ့ အကြည့်စူးစူးတို့နှင့်သူ့အားစိုက်ကြည့်ကာရန်မူချင်သေးသည်။
အနားကပ်မည်ပြုတော့ သူလာရာလမ်းကြောင်းမှတစ်ဆင့်ပြေးထွက်သည်။
"ပြေးလို့ရောလွတ်မှာတဲ့လား"
မဲ့ပြုံးပြုံးမိရက်သားနှင့်ပင်
အာရုံထဲ၌ထိုမကောင်းဆိုးဝါးကိုဖမ်းဖို့သည်သာ ရှိတော့သည့်မို့ အနောက်ကနေပြေး၍ တောနက်ထဲသို့လိုက်ဖမ်းမိသည်။