[Zawgyi]
အောက်တိုဘာ ၂၅။ ၂၀၁၇။
စက်ဘီးကို အရှိန်ဖြင့် နင်းနေရာမှ တစ်ခြံလုံး အရောင်အသွေးစုံနေတဲ့ ခြံရှေ့ ရောက်ခါနီးပြီမို့ အရှိန်လျှော့ကာ စက်ဘီးခြေနင်းကို ပုံမှန်နင်းပြီး သူ့မျက်လုံးတွေက ထိုခြံအတွင်းသို့။
ရည်ရွယ်သူကို မတွေ့လေတော့ သူ၏စက္ခုတစ်စုံဟာ ပျာယာခတ်လေပြီ။ဟော။ ရပ်သွားသည့် စက်ဘီးနှင့်အတူ သူ့မျက်နှာသည် အပြုံးများဖြင့် ဝင်းလက်သွား၏။ ပန်းပင်ကြားမှ ဘွားခနဲ ပေါ်လာသူက နက်ပြာရောင် ဦးထုပ်ကို ဆောင်းထားပြီး နီညိုရောင်အင်္ကျီလက်ရှည်ဖြင့် ကျက်သရေအပေါင်း ခညောင်းလို့။
"ဦးလေးကြီး"
ဦးလေးကြီး၏ အကြည့်များ ပန်းပင်များထံမှ
သူ့ဆီ ရွေ့လာတဲ့ တစ်ခဏ
မှားကုန်သော ခြေလှမ်းတွေကို ပြန်ထိန်းညှိရ။
စက်ဘီးကို မယိုင်အောင် ထိန်းရ။
ဦးလေးကြီးအပြုံးကို အလွတ်မှတ်ရ နှင့် သူ အလုပ်တွေရှုပ်ကုန်ပါ၏။"ကျောင်းသွားပြီလား"
"ဟုတ်"
ပန်းပင်တွေထဲ ဦးလေးကြီး ပျောက်ကွယ်သွားတော့ ခြေဖျားထောက်လျှောက်ပြီး ဦးလေးကြီးကို လိုက်ကြည့်မိသည်။
ဘယ်လို ခြေဖျားထောက်ထောက် ခြံတံခါးရှေ့ရောက်တော့မှ သူ ဦးလေးကြီးကို မြင်ရတော့၏။ ပန်းပင်တွေကြားထဲ ပေါင်းရှင်းနေသော ဦးလေးကြီး၏ ပုံရိပ်တွေကို မှတ်ဉာဏ်ထဲမှာ မှတ်သားလိုက်ပြီး သူ စက်ဘီးပေါ် တက်ပြီး အရှိန်ဖြင့် နင်းလိုက်ပြန်သည် ။ အိမ်နှင့် သိပ်မဝေးတဲ့ ကျောင်းကို ဦးလေးကြီးတို့ ရပ်ကွက်ကနေ လှည့်ပတ်ပြီးမှ သွားတာဆိုတော့
မြန်မြန်နင်းပါမှ ကျောင်းကို ရောက်မည်။အသားကုန်နင်းလာတော့ မကြာပါ။ ကျောင်းသို့ ရောက်ပါလေပြီ။ ကျောင်းထဲဝင်ပြီး ကျောင်းဆောင်ဘေးတွင် စက်ဘီးကို ရပ်လိုက်၏။
"Park Jimin"
"ဗျာ"
စက်ဘီးကို အမြန်သော့ခတ်ပြီး
အတန်းပိုင်ဆရာမထံသို့ သူအမြန်ပြေးလာခဲ့သည်။"မနေ့က သင်္ချာဆရာအတန်းချိန်မှာ အိပ်နေတယ်ဆို"
"ဟို...ဟုတ်...သား နေမကောင်းဖြစ်ချင်လာလို့ တစ်ချက်ငိုက်မိတာပါ ဆရာမ"
YOU ARE READING
Love Knot (Z+U)
Fanfictionစစ်မှန်သော ဤချစ်ခြင်းများ သွေဖယ်ခြင်း ကင်းဝေးပါစေသား... စစ်မှန်သော ဤချစ်ခြင်းများ သွေဖယ်ခြင်း ကင်းဝေးပါစေသား... Start: : 11.7.2022 End: : 14.12.2022