[Zawgyi]
### ၂၀၀၅ ။ အောက်တိုဘာ ၂၈။ ###
"Happy birthday အကို"
"ထယ်လေးရော ပျော်စရာ မွေးနေ့ဖြစ်ပါစေ"
အချိုရည်ဗူးချင်း တိုက်ပြီးနောက် သူတို့ နှစ်ဦးစလုံး ဆိုဂျူကို အတူတူမော့သောက်လိုက်ကြသည်။ ဟိုဆော့က
၁၄ နှစ်သားကတည်းက စမ်းသောက်ရင်း ကြိုက်မိသွားသည် ဆိုသော်လည်း ထယ်လေးက ဒီနှစ်မွေးနေ့မှာ စပြီးသောက်ချင်တယ်ဆိုလို့ ဆရာ့အိမ်က ဆန်မုန့်ကို ထုပ်ပိုးယူပြီး တံတားအောက်မှာ ခိုးသောက်ဖြစ်ကြသည်။
ဘယ်သူမှ မရိပ်မိအောင် အချိုရည်ဗူးထဲ ခိုးထည့်လာရတာလည်း တစ်ဒုက္ခပါ။မဲ့ပြီးရင်း မဲ့နေသော ထယ်လေးမျက်နှာက မကြိုက်ကြောင်း ထုတ်ပြောစရာပင် မလိုတော့။ ထို့ကြောင့် သူပဲ ထယ်လေးဝေစုရော သူ့ဝေစုကိုပါ အကုန်မော့ချလိုက်သည်။ ပူသွားသော ရင်ကို ဖြေသိမ့်ဖို့ရန် ဆန်မုန့်တစ်တုံးကို နှိုက်စားလိုက်သည်။ ၂ရက်တိတိ သကြားလုံး စုပ်လုံးတွေပဲ စားနေရင်းက ပထမဆုံးစားခဲ့ရတဲ့ မုန့်မို့လို့လား မသိပေ။
ဆန်မုန့်ကို ထယ်လေးက သိပ်ကြိုက်သည်။
ထို့ကြောင့် ဆရာက သူတို့မွေးနေ့တိုင်း ဆန်မုန့်လုပ်ကာ အိမ်နီးချင်းတွေကို မျှဝေလေ့ရှိသည်။ဆရာက လီဂိုဏ်း၏ မိသားစု ဆရာဝန်။ လီဂိုဏ်းကို တည်ထောင်ခဲ့သော ဘော့စ်က တခြားသူတွေလို မဟုတ်။ သူ့၏ တပည့်တွေကို ပစ်မထားတတ်။ မိသားစုဝင်တစ်ယောက်လို တန်ဖိုးထားအလေးပေးသည်။
သူနှင့် ထယ်လေးသည် ဘူတာရုံမှာပဲ ဝေလေလေလုပ်ပြီး ငတ်ပြတ်နေရာကနေ ကံကောင်းချင်တော့ ဘော့စ်နှင့်ဆုံပြီး
နာမည်တစ်လုံး ပိုင်ဆိုင်ခွင့်ရခဲ့သလို ဘော့စ်နှင့်ဆုံတွေ့သော ဒီနေ့ကလည်း သူတို့၏ မွေးနေ့ဖြစ်လာခဲ့သည်။
မိမရှိ၊ ဖမရှိ ၊ နာမ မရှိတဲ့ ဘဝကနေ သူဟာ မွေးစားဖခင်တစ်ယောက်ရခဲ့သလို နာမည်ရှိပြီး ယခုလို မွေးနေ့ပွဲကို ကျင်းပနိုင်ခဲ့တာ ဘော့စ်၏ ကျေးဇူးတွေကြောင့်ပင်။ ထိုမျှ သဘောကောင်းကြင်နာတတ်သော ဘော့စ်ကို သစ္စာဖောက်ခဲ့သူရှိလျှင်လည်း ဘော့စ်က ဘယ်သူ့မျက်နှာကိုမှ ထောက်မနေ ။ ထိုက်တန်သော အပြစ်ကို ပေးဖို့ရာလည်း ဝန်မလေးတတ်ပေ ။
YOU ARE READING
Love Knot (Z+U)
Fanfictionစစ်မှန်သော ဤချစ်ခြင်းများ သွေဖယ်ခြင်း ကင်းဝေးပါစေသား... စစ်မှန်သော ဤချစ်ခြင်းများ သွေဖယ်ခြင်း ကင်းဝေးပါစေသား... Start: : 11.7.2022 End: : 14.12.2022