♥ 7 ♥

354 33 32
                                    

[Unicode]

၂၀၁၇။ ဩဂုတ်လ ၁၂ ။ စနေနေ့။

"အကို ခဏစောင့်နေဦး"

ဆိုင်ကယ်ပေါ်မှ ဆင်း၍ ထယ်ယောင်း ကားလမ်းကို ကူးပြီး ဘူတာရှိရာကို ပြေးသွားလိုက်သည်။
ဒီဘူတာရှေ့က ဖြတ်သွားတိုင်း ငယ်ငယ်တုန်းက ဆန်မုန့်စားခဲ့တာကို အမြဲအမှတ်ရမိသည်။ ထို့ကြောင့် အမှတ်တရအနေဖြင့် ဆန်မုန့်ဝယ်မစားရ မနေနိုင်ပေ။
ဆန်မုန့်အမြန်ဝယ်ပြီး ပြန်လာကာ တစ်ခုခုကို ပြုံးကြည့်နေသော အကိုရှိရာ ကားလမ်းတစ်ဖက်ကိုကူးဖို့ လုပ်နေတုန်း ရှေ့နားမှာလူတွေအုံပြီး ရုတ်ရုတ်သဲသဲဖြစ်နေတာကို တွေ့လိုက်ရသည်။

"ဟဲ့ နင်တို့တွေ မူးလဲသွားပါတယ်ဆို လူ အုံမနေကြနဲ့လေ"

စာအုပ်အဟောင်းဆိုင်မှ အဘွားအော်ပြောတော့မှ လူတွေရှဲသွားသည်။ ဟင်!။
ဟိုကောင်လေး။

"ဆေးရုံခေါ်သွားတော့"

ရှူဆေးပေး၊ ယပ်ခတ်ပေးကြ လုပ်နေတာတောင် တော်တော်နှင့် သတိမရလာတော့ ထမ်းပြီးကားပေါ်တင်သွားကြသည်။
သူလည်း ကားလမ်းကူးပြီး အကို့ဆီ သွားလိုက်သည်။

"ဟိုကလေး ဘာဖြစ်တာလဲ ထယ်လေး"

"မေ့လဲသွားတာ ထင်တယ်"

အကို မေးတာဖြေပြီးမှ သူ သတိထားမိသည်။

"အကို သူ့ကို သိလား"

"မသိပါဘူး...အဲကလေးက အကို့ကို ပြုံးပြလို့ ပြန်ပြုံးပြနေတုန်း ရုတ်တရက် သူ လဲကျသွားလို့ မေးကြည့်တာပါ"

၂၀၂၀မှာ အကိုနဲ့ ထိုကောင်လေး ဆုံခဲ့ဖူးတာကို အကို မမှတ်မိတာလား။ အဲဒီကောင်လေးကပဲ ဘာလို့ အကို့ကို မှတ်မိနေတာလဲ။

မရေရာသော အတွေးကို ရပ်ပြီး သူ ဆန်မုန့်ကို ဆိုင်ကယ်ခြင်းထဲမှ အစ်များပေါ်တွင်
ချည်လိုက်ကာ ဆိုင်ကယ်ကို ခွလိုက်သည်။ ထိုအစ်များထဲတွင်
ခြံပိုင်ရှင်ဆီကနေ တောင်းဝယ်ထားသော စတော်ဘယ်ရီများရှိသည်။
ဒီနှစ်က စတော်ဘယ်ရီခူးတဲ့ ရာသီလွန်သွားပြီဆိုတော့ နောက်နှစ်ကျမှ အကိုနဲ့အတူတူသွားပြီး အပင်ကနေ လတ်လတ်ဆတ်ဆတ်ခူးပြီး မြည်းရတော့မည်။

Love Knot (Z+U)Where stories live. Discover now