♥ 5 ♥

174 42 6
                                    

[Zawgyi]

ဇူလိုင် ၂၆ ရက်။ တနင်္ဂနွေနေ့ ။ ၂၀၂၀ ။

"နှင်းဆီပန်းကို ကိုယ်တိုင်ပဲ ရောင်းပါတော့လား ဦးလေးကြီး"

မနက်ဝေလီဝေလင်း။ မိုးရွာတာကြောင့် မိုးကာအင်္ကျီဖြင့်
နှင်းဆီပန်းခိုင်ဖြတ်ရသော ဒုက္ခကမသေးပေ။
မနက်တိုင်း အစောကြီးထပြီး ဦးလေးကြီး ဒီလိုလုပ်နေရတာတွေကို သူ မကြည့်ရက်။
သို့သော် ဘာတစ်ခွန်းမှ မဟဘဲ နှင်းဆီခိုင်တွေကို စည်းနှောင်နေသော ဦးလေးကြီး ။

"ဦးလေးကြီး အမြဲ ဖုံးကွယ်ထားနိုင်မယ်လို့ ထင်လား"

ထိုအခါမှ မဲ့ပြုံးဖြင့် သူ့ကို ကြည့်သည်။

"တချို့လျှို့ဝှက်ချက်တွေက လူမသိသူမသိ မြေကြီးအောက်ရောက်သွားနိုင်တယ် ကလေး"

"ဦးလေးကြီးက."

"ဂျီမင်ပြောတာ ဖြစ်သင့်ပါတယ်...ဦးလေးကြီးလည်း ဒီလိုလုပ်နေရတာမျိုး သဘောမကျဘူး...ဒါပေမဲ့ လူတွေကို လိုက်ရှင်းပြနေရမှာထက်စာရင် ဒီလိုနေတာ ပိုကောင်းပါတယ်"

"ဘယ်သူနဲ့မှ စကားမပြောဘဲ ဒီပန်းတွေပဲ စိုက်နေတာ ဦးလေးကြီး မပျင်းဘူးလား"

မိုးတိတ်သွားပြီမို့ ဦးလေးကြီးက မိုးကာအင်္ကျီကို ချွတ်ရင်း ရယ်သည်။

"ဂျီမင်ရောက်လာတော့ မပျင်းရတော့ဘူးပဲ"

သူ့စကားကို ရယ်ပြီး လျှောချပစ်ဖို့ ကြိုးစားနေတာကြောင့်
သူ အနည်းငယ်စိတ်ဆိုးမိသည်။

"အခုက ၂၀၂၀ ရောက်နေပြီ...ဦးလေးကြီးရဲ့အချစ်ကို နားလည်ပေးနိုင်တဲ့လူတွေ များလာပြီလေ...ဘာပဲဖြစ်ဖြစ်ပါ ဦးလေးကြီး ရဲရဲရင်ဆိုင်သင့်တယ် မထင်ဘူးလား"

"ဟုတ်လား...ကြည့်ရတာ ဒီရပ်ကွက် ဒီပတ်ဝန်းကျင်ကတော့ ၂၀၀၈ ခုနှစ်မှာပဲ ကျန်ခဲ့တာ ထင်တယ်...သူတို့အကြည့်တွေက အရင်အတိုင်းပဲ...ငါနဲ့ ထယ်လေး လက်ထပ်လိုက်တာကိုလည်းသိရော ငါတို့ကပဲ အပြစ်ကြီးကျူးလွန်ထားသလိုမျိုး စော်ကားပြောဆိုကြတာ ငါလွတ်လာတော့ ငါ့ကို ပြောဆိုနေကြတာတင် အားမရလို့ မရှိတော့တဲ့ ထယ်လေးကိုလည်း ရစရာမရှိအောင်ကို.
မင်း မသိပါဘူး..
ဒီမှာ ထယ်လေးအငွေ့အသက်တွေရှိနေလို့ ငါသည်းခံပြီး နေနေတာ...ငါ လုပ်စရာ ကိစ္စကို အဆုံးသတ်နိုင်မယ့်နေ့ပြီးရင်တော့ ငါလည်း ဒီနေရာက ထွက်သွားတော့မယ်"

Love Knot (Z+U)Where stories live. Discover now