[Zawgyi]
၂၀၁၉။ ဩဂုတ်။
"ဂျီမင်!!"
အန်တီ့ခေါ်သံကို ကြားရုံနဲ့ သူကောင်းကောင်းအဆူခံရတော့မည်ဆိုတာ သိနေပါပြီ။
သူ မသိတာက ဘာအမှားမှမလုပ်ထားတဲ့ သူ ဘာကြောင့်အဆူခံရမှာလဲ ဆိုတာပင်။
အကြောင်းရင်းကို သိဖို့ရန် ခြံထဲကို ဝင်ပြီး စက်ဘီးရပ်ရတော့သည်။စက်ဘီးရပ်ရပ်ချင်း အန်တီက သူ့နားသယ်မှ ဆံပင်ကို လာဆွဲတာကြောင့်
လွယ်အိတ်လွယ်ရင်းတန်းလန်းနဲ့ အန်တီ့်ဆိုင်ထဲ လိုက်သွားရတော့၏။ဆံပင်ညှပ်သူထိုင်တဲ့ နေရာမှာ သူ့ကို ထိုင်ခိုင်းပြီး ခါးထောက်ကာ အန်တီပြောလာသည်က..
"ကဲ ပြော...ဒီနေ့ရော ပန်းကို ဘယ်သူ့ဆီက ဝယ်ခဲ့တာလဲ"
"ကျွန်တော်ဝယ်နေကျဆီကပေါ့"
"နင်ဝယ်နေကျက ဘယ်သူလဲ.!..တိတိကျကျပြော"
"ဟို...ဦးလေးကြီးဆီကပါ"
"ပတ်ဂျီမင်!..ဝေ့လည်ကြောင်ပတ်လုပ်မနေနဲ့...နင့်ကို ငါသတိမပေးထားဘူးလား...ပန်းဝယ်ရင် အဲဒီခြံက လုံးဝထပ်မဝယ်ခဲ့ပါနဲ့လို့...ငါသတိပေးတာ တစ်ပတ်ပဲရှိသေးတယ်...အခု နင်က အဲဒီခြံက ယုတ်ညံ့တဲ့ပန်းတွေထပ်ဝယ်ပြီး ငါ့ဆိုင်ဂုဏ်သိက္ခာကို ညှိုးနွမ်းအောင် လုပ်နေတာလား...ဟမ်!!"
အန်တီ့စကားကို ဘယ်လိုပြန်ချေပရမလဲ စဉ်းစားနေတဲ့သူ
ဆိုင်ခန်းထောင့်က အမှိုက်ပုံးထံမှာ အကြည့်ရပ်သွားရသည်။
စူးနင့်သွားတဲ့ နှလုံးသားနှင့်အတူ သူဟာ ချက်ချင်း ထိုင်ရာမှထပြီး အမှိုက်ပုံးထဲက ပန်းစည်းကို ယုယစွာ ကောက်ယူထွေးပွေ့လိုက်ရင်း..."ပန်းဟာ ပန်းပဲ...ဘယ်သူပျိုးထောင်ခဲ့လဲ အရေးကြီးလား...ပြီးတော့ ဦးလေးကြီးက ဘာဖြစ်နေလို့ အန်တီ့ဆိုင်ဂုဏ်သိက္ခာ ညှိုးနွမ်းမှာလဲ...လွန်ခဲ့တဲ့ နှစ်တွေကတည်းက အန်တီ့ဆိုင်က ဒီပန်းတွေနဲ့ လှပတင့်တယ်ခဲ့တာပဲမလား"
"အေး အဲတုန်းက ငါမသိခဲ့လို့...ငါသာ သိခဲ့ရင် အဲဒါတွေကို ဆိုင်ထဲတောင် အဝင်မခံဘူး...ရှင်းလား!... ငါ နောက်ဆုံးသတိပေးမယ်...နင် ဒီလိုပဲ ဆက်လုပ်နေမယ်ဆိုရင် ငါ့ဆိုင်အတွက် ဘာပန်းမှ ဝယ်ပေးစရာမလိုတော့ဘူး...ပြီးတော့ နင် အဲခြံကို ထပ်သွားတာ ငါသိရင် ငါ့အဆိုးမဆိုနဲ့"
YOU ARE READING
Love Knot (Z+U)
Fanfictionစစ်မှန်သော ဤချစ်ခြင်းများ သွေဖယ်ခြင်း ကင်းဝေးပါစေသား... စစ်မှန်သော ဤချစ်ခြင်းများ သွေဖယ်ခြင်း ကင်းဝေးပါစေသား... Start: : 11.7.2022 End: : 14.12.2022