[Zawgyi]
၂၀၂၀ ။ ဩဂုတ် ၂ရက် ။
တနင်္ဂနွေနေ့မနက် ၃ နာရီခွဲ။နှင်းဆီခြံကြီး၏ သရက်ပင်အနီးတွင် လူတစ်ယောက်သည်
တစုံတခုကို မီးပုံရှို့နေ၏။ ထင်ဟပ်နေသော မီးရောင်ကြောင့် အနွေးထည်ခပ်ပါးပါးကို ဝတ်ဆင်ထားသော လူ၏ ချောမောသောမျက်နှာတွင် မုန်းတီးရိပ်များ အကျည်းတန်စွာ နေရာယူနေသည်ကို တွေ့ရလိမ့်မည်။တဟုန်းဟုန်းတောက်လောင်နေသည့် မီးသည်
ဓာတ်ပုံနှင့် စာရွက်စာတမ်းများကို မြန်ဆန်စွာ ဝါးမြိုနေ၏။
မီးလောင်သွားသည့် ဓာတ်ပုံထဲမှ အနီရောင်ဖြင့် ကြက်ခြေခတ်ခံထားရသည့် လူကို သူနာကြည်းစွာ ကြည့်ပြီး နှုတ်ခမ်းထက်ဝယ် မဲ့ပြုံးတစ်ခုခိုတွဲလို့။"ဟိုဆော့"
ခြံရှေ့မှ ခေါ်သံကြောင့် သူ အတွေးများကို ရပ်ပြီး
အိတ်တစ်လုံးကိုင်ကာ ခြံတံခါးရှိရာ သွားလိုက်သည်။
ထိုအိတ်ကို ခြံရှေ့မှ လူအား ကမ်းပေးကာ..."ဒီမနက် သူ ဘူဆန်ကို သွားမယ်"
"အချိန်က."
"၁၀နာရီ"
"Ok ...ငါသွားပြီ..မင်းသေချာပြင်ဆင်ထား"
"စိတ်ချပါ"
သရက်ပင်အောက်သို့ သူ ပြန်လာတော့ ဓာတ်ပုံတစ်ပုံကို ကိုင်ကာ သူ့အား ထိတ်လန့်သော မျက်ဝန်းများဖြင့် ကြည့်နေသူ ကလေး။
"ခေါင်းက ဘာဖြစ်တာလဲ"
ကျန်သော ဓာတ်ပုံနှင့် စာရွက်များကို မီးပုံထဲ ပစ်ထည့်ပြီး ကလေးလက်ကို ဆွဲကာ အိမ်ထဲခေါ်သွင်းလာခဲ့၏။
ဒီကလေး အိမ်ထဲမှာ ချော်လဲသွားတာလား။
သွေးများကို ဂွမ်းစနှင့် သုတ်ဖယ်ပြီး ဒဏ်ရာအား
အရက်ပြန်နှင့် ဆေးလိုက်သည်။ တော်ပါသေးရဲ့။
ဒဏ်ရာက သိပ်မနက်ဘူး။
သွေးပူတဲ့အချိန် ခိုက်မိသွားလို့ သွေးထွက်များနေတာ ဖြစ်မယ်။"ဦးလေးကြီး အန်ကယ်ဂျောင်ဟွန်းကို ဘာလုပ်မလို့လဲ"
ပျက်မလိုဖြစ်သွားသည့် သူ့မျက်နှာကို အပြုံးတစ်ပွင့်နှင့် ဖုံးကွယ်ပြီး ဂွမ်းစများကို သိမ်းကာ အမှိုက်ပုံးထဲ ပစ်ရန် မတ်တပ်ထတော့...
YOU ARE READING
Love Knot (Z+U)
Fanfictionစစ်မှန်သော ဤချစ်ခြင်းများ သွေဖယ်ခြင်း ကင်းဝေးပါစေသား... စစ်မှန်သော ဤချစ်ခြင်းများ သွေဖယ်ခြင်း ကင်းဝေးပါစေသား... Start: : 11.7.2022 End: : 14.12.2022