[Zawgyi]
၁၉၉၇ ။ ဒီဇင်ဘာ ။
သူ့ရှေ့က ရှားရှားပါးပါး စားရသော ကြက်ကြော်ကို လုံးဝမကြည့်ဘဲ ဖွင့်ထားနှင့်သော တံခါးကိုပဲ အထူးအာရုံစိုက်ထားရသော ဒုက္ခက မသေးလှပါလား။
ဆွန်းလေးနဲ့ တူတူစားချင်လွန်းလို့သာ သည်းခံနေရတာ။
ဒီတစ်နေ့လုံး သူ့ဗိုက်ထဲ မနက်က မုန့်တစ်ထုပ်နှင့် ရေပဲ ဝင်ရသေးသည်။ ဗိုက်ထဲက အကောင်တွေ သောင်းကျန်းနေတာကို သူအပြစ်မတင်ချင်တော့။
ဆွန်းလေးကလည်း ဒီနေ့မှ နောက်ကျနေသည်။ဂွီ!
ရေဘူးကို ဖွင့်သောက်ပြီးနောက် သူ မနေနိုင်စွာ
အိမ်ကြီးဘက် ထွက်လာခဲ့သည်။ အိမ်ကြီးအနား ရောက်သော်
နားထဲဝင်လာသည်က ဆွန်းလေး၏ ငိုသံ။ သူ အိမ်ကြီးရှေ့ကို ပြေးလာကြည့်တော့ ငိုနေတဲ့ ဆွန်းလေးကို ရယ်မောရင်း အားပါးတရခြေထောက်နဲ့ကန်နေတဲ့ သခင်လေး။"သခင်လေး..!"
"အား!...မေကြီး!"
"အမယ်လေး!!...သားလေး...သားလေးနှာခေါင်းက သွေးတွေ..!"
သခင်လေးကို ချီပြီး ယောက်ယက်ခတ်နေသော လူတွေအားလုံးကို သူ ကျောခိုင်းထွက်လာခဲ့သည်။
ဆွန်းလေးကတော့ သူခေါ်ရာနောက် ငိုယိုလိုက်ပါလာခဲ့၏။အခန်းထဲရောက်တော့ ဖျာပေါ်မှာ ဆွန်းလေးကို ထိုင်စေပြီး ကြက်ကြော်ခွံ့ကျွေးတော့ ဆွန်းလေးက တစ်ကိုက်ကိုက်ကာ ဝါးရင်း ငိုသံဖြင့် သူ့ကို တိုင်တော၏။
"အကို...အင့်...သခင်လေးက သူ့အရုပ်နဲ့ သားကစားနေတာကို မကြိုက်ဘူးတဲ့...အဲဒီအရုပ်က သခင်လေးမကြိုက်တော့လို့ သားကို သခင်ကြီးပေးထားတာကို.။..သားက သူ့အရုပ်ခိုးထားတာမှမဟုတ်တာကို။....သားကို...အင့်...ရိုက်တယ်...ကန်လည်း ကန်တယ်...ပြီးတော့ သခင်လေးက ပြောသေးတယ်"
"နှပ်တွေသုတ်ပြီးမှ ဆက်ပြော"
သူက ပြောလည်းပြော ဆွန်းလေး နှာခေါင်းကို ညှစ်ပေးလိုက်ကာ ခုံပေါ်မှ ပုဝါစဖြင့် လက်သုတ်ပြီး ဆွန်းလေးနှာခေါင်းတစ်ဝိုက်ကိုလည်း သုတ်ပေးလိုက်သည်။
"သခင်လေးက ဘာပြောလဲ"
"သားကို မရယ်နဲ့တဲ့....မင်းက ရယ်လို့မရဘူးတဲ့.အင့်...အမြဲတမ်း...ငိုပဲငိုရမယ်တဲ့...ပြီးတာနဲ့ သားကို ငိုအောင်လုပ်တယ်..ဟင့်..သားငိုရင် သူကရယ်တယ်"
YOU ARE READING
Love Knot (Z+U)
Fanfictionစစ်မှန်သော ဤချစ်ခြင်းများ သွေဖယ်ခြင်း ကင်းဝေးပါစေသား... စစ်မှန်သော ဤချစ်ခြင်းများ သွေဖယ်ခြင်း ကင်းဝေးပါစေသား... Start: : 11.7.2022 End: : 14.12.2022