[Zawgyi]
၁၉၉၇ ။ စက်တင်ဘာ ။
"အစ်မကြီး ကြက်သား လတ်လတ်ဆတ်ဆတ်က ဒီဘက်မှာပါဗျ"
........
"၅၀၀ လောက်တော့ လျှော့အေ"
"ဈေးဦးပေါက်မို့ မဆစ်ပါနဲ့တော့ အစ်မရယ်...ရော့ ဒီက ငါးအသေးနှစ်ကောင် ပိုယူသွားနော်"
"အို အဲဒီငါး ငါတို့အိမ်က မစားဘူး...၅၀၀ ပဲလျှော့"
"ဒါဆိုလည်း ဒီပုဇွန်ယူသွား အစ်မ...ကျေနပ်ပြီလား"
.........
"မနက်ကမှ စိုက်ခင်းထဲက ဆွဲနှုတ်လာတဲ့ မုန်လာဥတွေပါရှင်... ဟိုဘက်က အစ်ကိုကြီး ဒီနေ့ အစ်ကိုကြီးတို့ရွာမှာ ဂင်ချီစုပြီး လုပ်ကြမယ်လို့ သတင်းအတိအကျရထားတယ်နော်...မူယာမာယာများမနေဘဲ မုန်လာဥတွေ ဝယ်သွားဦးလေ"
"လူလိမ်မ...ငါမနေ့က ဝယ်ထားတဲ့ မုန်လာဥက နင့်ရှေ့က မုန်လာဥထက် ပိုလတ်သေးတယ်"
"အမလေး မဝယ်ချင်မဝယ်ပါနဲ့ အစ်ကိုကြီးရယ်...
ကျွန်မထမင်းအိုးကိုတော့ တုတ်နဲ့မထိုးပါနဲ့".........
လူပေါင်းစုံ၊ အလွှာပေါင်းစုံများဖြင့်
ဆူညံပွက်လောရိုက်နေသော ဈေးအတွင်း နေရောင်ကြောင့် မွဲခြောက် နီကျင်နေသော ဆံပင်ပိုင်ရှင် အပြစ်ကင်းသော မျက်လုံးလေးများဟာ ဟိုကြည့် ဒီကြည့်။"အဒေါ်ကြီး သမီးကို မုန့်လေးနည်းနည်းကျွေးပါရှင့်...
သမီး ဘာမှမစားရသေးလို့ပါ""ဟေ့ ကလေးမ...ငါ့ဆိုင်နားကထွက်သွားစမ်း!"
အုတ်ခဲကျိုးကိုင်ထားသော အဒေါ်ကြီးကြောင့် ဆိုင်အနားမှ လှစ်ခနဲပြေးထွက်ခဲ့သော ကလေးက မျက်ရည်နဲ့အတူ ကျလာသော နှပ်ရည်များကို
အင်္ကျီအစွန်းနားလေးကို ဆွဲကာ သုတ်လိုက်၏။ ရေမချိုးရတာ မည်မျှ ကြာနေပြီ မသိချေ။ တစ်ကိုယ်လုံး ချေးကြောင်းများဖြင့် ထိုကလေးမအနား မည်သူမျှ မကပ်ချင်ဘဲ နှာခေါင်းရှုံ့ကာ ခပ်ဝေးဝေးဆီမှ ရှောင်ကွင်းသွားကြ၏။ဈေးထောင့်တစ်နေရာတွင် ထိုင်ပြီး
မုန့်ချိုပြားစားနေသည့်ကလေးက ငိုနေသည့် ကလေးမအနီးသွားကာ သူ၏မုန့်ချိုပြားကို တစ်ဝက်ချိုးပြီး ကမ်းပေးလိုက်သည်။ မုန့်ချိုပြားကို ဝေမျှစားနေကြသော သူတို့အနားသို့ ကလေးတစ်ယောက်ရောက်လာပါ၏။
YOU ARE READING
Love Knot (Z+U)
Fanfictionစစ်မှန်သော ဤချစ်ခြင်းများ သွေဖယ်ခြင်း ကင်းဝေးပါစေသား... စစ်မှန်သော ဤချစ်ခြင်းများ သွေဖယ်ခြင်း ကင်းဝေးပါစေသား... Start: : 11.7.2022 End: : 14.12.2022