.
Unicode
.
.( အခုတလော Good Bye My Princess ကို စိတ်ထဲကမထွက်နိုင်အောင် feel မိနေလို့ Good Bye My Princess က အိုင်ဒီယာ ပိစိလေး နဲ့ ကိုယ် တွေရဲ့ZhanYi ကိုပုံဖော်ပါမယ်။)
.
.
.ကျူးလစ် ပန်းခင်းကြီးရဲ့ အလယ်မှာ သူ လဲလှောင်း နေတယ်။
မျက်နှာပေါ် မှာ ဟောင်းနွမ်းနေတဲ့စာအုပ်တစ်အုပ်ကို ဖုံးအုပ်ထားတယ်။မျက်တောင်တစ်ချက်ခပ်လိုက်တိုင်းမှာ မျက်ရည်တို့က စီးကျနေတယ်။
စုတ်ပြတ် ပြိုလဲနေတဲ့ သူ့ပုံစံကို မြင်ချင်မှာ မဟုတ်တဲ့ ကောင်လေး ကိုတော့ အားနာပါရဲ့ ။ဒီနေ့လဲ သူ ကောင်လေးကို လွမ်းတဲ့စိတ်နဲ့ အသက်ရှင်ရအုံးမယ်။
အတွေးတို့ က အတိတ်ပင်လယ်ဝယ်.....
.
.
.
.
.* Actor ဝမ်ဟောက်ရွှမ်း ငယ်စဥ်က ကျောင်းတွင်းအကြမ်းဖက်ရှိခဲ့ခြင်းမှန်ကန်ကြောင်း Zeao ေအဂျင်စီ မှ အတည်ပြု ။
ဝမ်ဟောက်ရွှမ်း ပါဝင်ထားသော Drama များ နှင့် အစီအစဥ်များအား ဖျက်သိမ်းသွားမည် ဟု သိရ *လူမှုကွန်ရက်တွင် လက်တလော လူအများစိတ်ဝင်စားမှု မြင့်တက်နေသော အကြောင်းအရာတစ်ခုက နောက်ဆုံးတော့ အဆုံးသတ်သွားခဲ့ပီပဲ ။
"ဝမ်ဟောက်ရွှမ်း က မင်းနဲ့ တစ်ကားတွဲရိုက်ဖူးတယ်မလား "
ရိပေါ် မန်နေဂျာ ကျိရန် ကနွားနို့ ခွက်ကို ရိပေါ်စားပွဲပေါ်တင်လိုက်ပီး
ရိပေါ် laptop ကိုလှမ်းကြည့်ရင်းပြောတယ်။"အင်း movie တစ်ပုဒ်တွဲရိုက်ဖူးတယ် ။"
"ဒီလောက က ဒီလိုပါပဲ
အောင်မြင်လာပီဆိုတာနဲ့ မလိုသူတွေက နောက်ကြောင်းတွေလိုက်ပီး တိုက်ခိုက်တော့တာပဲ ။"ကျိရန် စကားကို ရိပေါ် အသာနားထောင်နေလိုက်တယ်။
မန်နေဂျာလဲ ဖြစ် အကိုဝမ်းကွဲလဲ ဖြစ်တဲ့ ကျိရန် က ရိပေါ် ကို သိပ်ချစ်တယ်။"အဲ့ ကောင်လေး က မင်းနဲ့တစ်ချိန်ထဲလောက်ပဲတက်တာနော် "
"ကျွန်တော် က နည်းနည်းနောက်ကျတယ်ထင်တယ်။
ကျွန်တော် ပွဲဦးထွက်မယ့်ကားက ကမ်းလှမ်းတုန်းက ဟောက်ရွှမ်း ကအောင်မြင်နေပီလေ "
YOU ARE READING
Good bye My Prince