Ep-1
သုံးရောင်ခြယ် ဆိုသော မိန်းမတစ်ယောက်အတွက် ဒီလို နေ့လေးကို ရောက်ဖို့ ရင်ခုန်ခြင်းများစွာဖြင့် စိတ်ကူးယဥ်ခဲ့ရသည့်မှာ အချိန်တွေ ဘယ်လောက်ကြာခဲ့လေပြီလဲ။
အခုတော့ ခြယ် ဆန္ဒတွေ ပြည့်ဝခဲ့လေပြီ။ ခြယ်မှာ မောင် နှင့် ရသည့် ရင်သွေးလေး ရှိနေလေပြီ။ ဒီရင်သွေးလေးဟာ ခြယ်နှင့် မောင် ရဲ့ ပထမဆုံး သွေးသားလေး ဖြစ်သည့် အတွက် ခြယ် ရင်ထဲ ကြည်နူးမှုက ပြောမပြတတ်အောင်ပင်။
မောင် နှင့် ခြယ်ရဲ့ အိမ်ထောင်သက် ၃ နှစ်အတွင်းမှာ ခြယ် ပထမဆုံး ပေးနိုင်သည့် မောင့် အတွက် ရင်သွေး ရတနာလေးပင်။ ချစ်ခြင်းတွေ နှင့် မွန်းမံခြယ်သထားသော ခြယ်တို့ အိမ်ထောင်ရေး အတွက် ဘုရားပေးသော ဆုလာဒ်တစ်ခုပင်။
ကိုယ့်အတွေးနှင့် ကိုယ့် ခြယ် မျက်နှာထက်မှာ အပြုံးလေးတွေ ဝံ့လျှက်။
🐚🐚🐚"ကိုကို"
ရောင်နီခေါ်သံကြောင့် ကောင်းဆက် ရောင်နီကို အသာငေးကြည့်မိတော့ ရောင်နီ မျက်နှာလေး နွှမ်းစွာဖြင့် သူ့ကို ကြည့်ပြီး
"ဟို ဟိုလေ ရောင်နီမှာ ကိုယ်ဝန်ရှိနေပြီ"
"ဟင်"
ရောင်နီ ထံမှ ထိုစကားကို ကြားလိုက်ရသည့် အချိန်မှာ ကောင်းဆက် ခန္ဓာကိုယ် တစ်ခုလုံး တုန်လှုပ်သွား မိသည့် အထိပင်။
"ရောင် ရောင်နီ ဘာပြောလိုက်တယ်"
"ဟုတ် ဟုတ်တယ် ကိုကို၊ ရောင်နီ လဲ မနက်ကမှ သိတာ၊ ရောင်နီ တို့ ဘာဆက်လုပ်ကြမလဲဟင်"
သွားပြီ။ ကောင်းဆက်ထူး ဆိုသော လူတစ်ယောက် အမှားတစ်ခုက ပြင်မရတော့သည့် အမှားမျိုးပင်။ ခြယ်ကို ဘယ်လို မျက်နှာမျိုးဖြင့် ဖွင့်ဟ ဝန်ခံပြီး ရောင်နီ ကိုယ်ဝန်ကိစ္စ ပြောရမည်နည်း။
ခြယ် သူ့ကို သိပ်ချစ်သည့်ကို သူ့သိထားလေသည်။ ဘယ်သူ မပြု မိမိပြုမိသည့် အမှားမို့ ကောင်းဆက် ပြုလုပ်ခဲ့မိသည့် အမှားက ဟူး~~~ ရမ္မက်တစ်ခု နောက်ကို အလိုဆန္ဒ တစ်ခု အတွက် လိုက်ရင်း သူ့ ဘဝက လုံးဝ အမှောင်ကမ္ဘာသို့ ရောက်ခဲ့ရလေပြီ။
🐚🐚🐚
YOU ARE READING
လွှဲမှားခဲ့သော ကံကြမ္မာ
Romanceမိန်းမသားတစ်ယောက်အတွက် အိမ်ထောင်မှု ဘုရားတည် ဆေးမင်ရည် စုပ်ထိုး ဤသုံးမျိုးမပိုင် နောင်အခါမှ သိဆိုတဲ့ ရှေး လူကြီးတွေရဲ့ စကားအတိုင်း အိမ်ထောင်ပြုသည့် အခါ အမျိုးသမီးတွေ အတွက် အများကြီး တွေးတော စဥ်းစားစရာ ဖြစ်ပါတယ် ကိုယ့် ရွေးချယ်လိုက်တဲ့ အိမ်ထောင်ဘက်က...