Ep-14

2.1K 45 0
                                    

လက်ထဲမှ ဖုန်းလေးကို ကျစ်ကျစ်ပါအောင် ဆုတ်ကိုင်ရင်း ခြယ် နာနာကျင်ကျင် ပြုံးလိုက်မိလေသည်။ ခြယ် ဘဝကို ကမောက်ကမ ဖြစ်အောင် လုပ်ခဲ့သည့် မိန်းမယုတ် အခုတော့   ဘာတက်နိုင်သေးလဲ။ အဟွန့်။

"ခြံခုန်စရှိတဲ့ နွားက ခြံခုန်မှာပဲ မူဟန်နွှဲ့ ၊ ငါ့လက်ထဲ ရှိတုန်းကတောင် ခြံခုန်နွားက ခြံခုန်လို့ နင်က စနှိုက်မ လုပ်ခဲ့သေးတာပဲ၊ ဖောက်ပြန်ခံခဲ့ရတဲ့ မိန်းမတစ်ယောက်ရဲ့ ခံစားချက်ကို နင် ကောင်းကောင်းကြီး ခံစားလိုက်စမ်း မူဟန်နွှဲ့"

ဘဝမှာ ခါးသက်သော နာကျင်စရာအတိတ်တွေကို အခုတော့ မကြာမီအချိန်တွင် အရည်ဖျော်သောက်နိုင်တော့မည်။ ကောင်းဆက်ထူး၏ ဘဝကို ကျားတစ်ကွက်လို ဆော့ကစားပြီး အလဲထိုးနိုင်တော့မည့်မို့ သူမ ကျေနပ်နှစ်ခြိုက်စွာ ပြုံးလိုက်မိလေသည်။
                           🐚🐚🐚

ဒေါ်စိတ်ထားမြတ် နှင့် အတူ Meeting ခန်းထဲသို့ ဝင်လာသော မင်းရတုကြောင့်  ကောင်းဆက်ထူး မျက်ဝန်းတွေ ပြူးကျယ်သွားရလေသည်။  မင်းရတုက သူကို ရှိသည့်ဟုပင် ထင်ပုံ မပေါ်။ စပ်တူရှယ်ယာရှင်တွေနှင့် နာရီ ၂ ပတ်မျှ ဆွေးနွေးပြီး ဆွေးနွေးမှုကို အဆုံးသတ်ခဲ့လေသည်။ ရတု နှင့် ခြယ်လည်း ကောင်းဆက်ထူးကို တစ်ချက်ဝေ့ကြည့်ပြီး meeting ခန်းထဲမှ ထွက်ခဲ့လိုက်လေသည်။

"မင်းရတု ခြယ် ခြယ်နဲ့ ငါ့ သမီးလေးရော"

Meeting ခန်းထဲမှ ထွက်လာသော မင်းရတု နှင့် စိတ်ထားမြတ် အနောက်သို့ ကောင်းဆက်ထူး အပြေးလိုက်လာကာ မေးလိုက်လေသည်။

ရတုက ခြေလှမ်းတွေ ရပ်ပစ်လိုက်ပြီး

"ဘာ့ အတွက်လာမေးနေတာလဲ"

တည်တည်ငြိမ်ငြိမ်မေးလာသော ရတု စကားကြောင့် သူ့ ချွေးတွေပင်စို့လာရလေသည်။ စိတ်ထားမြတ်ကလည်း တည်ငြိမ်စွာ သူ့ကို ကြည့်လျှက်။

"ခြယ် နဲ့ သမီး ဘယ်မှာရှိလဲ ပြောပြပါကွာ၊ ငါ့  ငါ့လေ ငါ့အမှားတွေ တောင်းပန်ချင်လို့ပါကွာ၊ ငါ့ကို သူတို့ သားမိ ရှိနိုင်မဲ့ နေရာပြောပြပါကွာ ငါတောင်းပန်ပါတယ်"

ခြယ် နှုတ်ခမ်းပါးလေးကို ခပ်တင်းတင်းစေ့ရင်း

"ရှင့် မိန်းမ ဒေါ်သုံးရောင်ခြယ်တော့ ရှင့်ကို တွေ့ချင်တာ မတွေ့ချင်တာ မသိဘူး၊ ကျွန်မလို မိန်းမကတော့  ရှင့်လို ရွံ့စရာကောင်းတဲ့ ယောကျာ်းကို အခုလို စကားရပ်ပြောရမှာတောင် သနတယ်"

လွှဲမှားခဲ့သော ကံကြမ္မာWhere stories live. Discover now