ခြယ် ဘဝအသစ်ကို ပြန်စဖို့ သမီးကို လက်ကိုဆွဲပြီး မွေးရပ်ဇာတိဖြစ်သော ထနောင်းကုန်းရွာလေးကို ပြန်ခဲ့ပါပြီ။
အညာတွေရဲ့ ပူပြင်းသော နေအပူရှိန်မှာ သမီးလက်ကို ဆွဲပြီး ရွာလမ်းတစ်လျှောက် တစ်လှမ်းချင်းလျှောက်လာသူက တစ်ချိန်က သုံးရောင်ခြယ် ဆိုသော ရွာရဲ့ ကွမ်းတောင်ကိုင် မိန်းကလေးပင်။
"ဟယ် ဟိုမှာ သုံးရောင်ခြယ် မဟုတ်လား"
"အေးဟဲ့ တူသလိုလိုပဲ"
"ဟဲ့ တူတာမဟုတ်ဘူး၊ တကယ် တကယ် သုံးရောင်ခြယ်"
အေးရွှေ နှင့် မေလှခင် ခြယ် တို့ သားမိကို တအံ့တသြကြည့်ပြီး ပြောနေလေတော့သည်။ ခြယ်တို့ သားမိ သူတို့ အနီးအနားကို ရောက်လာတော့
"နင် နင် သုံးရောင်ခြယ် မဟုတ်လား"
မေးလိုက်သူက မေလှခင်ပင်။ ခြယ် အမျိုးသမီး နှစ်ယောက်ကို သေချာကြည့်ပြီး
"အေးရွှေ ၊ မေလှခင်"
"ဟယ် နင်ငါတို့ကို မှတ်မိတယ်"
အေးရွှေ စကားကြောင့် ခြယ် ပြုံးလိုက်ပြီး
"မှတ်မိတာပေါ့ဟယ် ၊ သူငယ်ချင်းတွေပဲ"
"ဒါနဲ့ ဒီကလေးလေးက"
အေးရွှေက ကြယ်စင်လေးကို ကြည့်ကာမေးလိုက်တော့ ခြယ် သမီးခေါင်းလေးကို ဖွဖွလေး ပွတ်ပေးလိုက်ရင်းယ
"ခြယ် သမီးလေးလေ"
"ဟုတ်လားဟယ်၊ ချစ်စရာလေး၊ လာပါဦး ဒေါ်ဒေါ်ဆီ"
မေလှခင်က ကြယ်စင်လေးကို ပွေ့ချီမည်ပြင်တော့ ကြယ်စင်လေးက မိခင်ကို မော့ကြည့်ပြီး
"မေမေ"
ခြယ် သမီးကို ပြုံး၍ကြည့်ကာ ခေါင်းညိမ့်ပြလိုက်လေတော့မှ မေလှရီ ပွေ့ချီတာကို အသာတကြည့်ငြိမ်နေလေသည်။
"နင့် အမျိုးသားရော မပါဘူးလား ခြယ်"
အေးရွှေ၏ အမေးကြောင့် ခြယ် မျက်နှာပျက်ယွင်းသွားရလေသည်။
"မပါဘူး၊ မပါဘူး ဆိုတာထက် ငါ့အတွက် ယောကျာ်း မလိုတော့တာ"
"ဟယ် ခြယ်"
YOU ARE READING
လွှဲမှားခဲ့သော ကံကြမ္မာ
Romanceမိန်းမသားတစ်ယောက်အတွက် အိမ်ထောင်မှု ဘုရားတည် ဆေးမင်ရည် စုပ်ထိုး ဤသုံးမျိုးမပိုင် နောင်အခါမှ သိဆိုတဲ့ ရှေး လူကြီးတွေရဲ့ စကားအတိုင်း အိမ်ထောင်ပြုသည့် အခါ အမျိုးသမီးတွေ အတွက် အများကြီး တွေးတော စဥ်းစားစရာ ဖြစ်ပါတယ် ကိုယ့် ရွေးချယ်လိုက်တဲ့ အိမ်ထောင်ဘက်က...