"တောက်!"ကျယ်လောင်စွာ ထွက်ပေါ်လာသော တောက်ခက်သံကိုပင် ရောင်နီ ဂရုမပြုသလို မဲ့ပြမိလေသည်။ ဒါကိုပင် ကောင်းဆက်ထူး တစ်ယောက် အတော်ကို စိတ်အချဉ်ပေါက်သွားရလေသည်။
သူမ ပုံစံက အခုတော့ ဘာတက်နိုင်သေးလဲ ဟူသော ပုံစံမျိုးပင်။
ကောင်းဆက် သူမ ပုံစံကို ဆက်မကြည့်ချင်တော့သဖြင့် အပြင်ထွက်ခဲ့လိုက်လေသည်။
သူရဲ့ ဦးတည်ရာက မင်းရတု ထံသို့ပေ။ခြယ်။ ခြယ်ကို တောင်းပန်ရမည်။
နောက်ကြောင်းကို ဘာတစ်ခုမှ လှည့်မကြည့်လေတော့ဘဲ သူ ခြယ်ရှိရာ ထွက်ခဲ့လိုက်လေသည်။
ဘဝဆိုတာ ဖြစ်ချင်တာ ဖြစ်ခွင့် မရသည့် အတွက်တော့ အတော် ရင်နာစရာကောင်းနေပေသည်။
🐚🐚🐚အိမ်ရှေ့ ကားရပ်သံ ကြားသဖြင့် ရတု ဟု ထင်ကာ ခြယ် ထွက်ကြည့်တော့ သူ။
အို ဘာလာလုပ်တာလဲ ခြယ် နှင့်သူ ပတ်သတ်စရာအကြောင်းမှ မရှိတော့တာ။
"ခြယ်"
ကောင်းဆက် ကားပေါ်မှ ဆင်းလေတော့ သူကို စူးရဲသော မျက်ဝန်းများဖြင့် ကြည့်နေသော ခြယ်။
"ရှင် ဘာလာလုပ်တာလဲ"
သူ ခြယ် နှင့် မျက်နှာချင်းဆိုင်တွင် ရပ်လိုက်ပြီး
"ခြယ် ကို မောင်တောင်းပန် ချင်လို့ပါ၊ မောင်ကို ခွင့်လွှတ်ပါနော် ခြယ်"
ခြယ် အရှေ့တွင် ရိုးကျိုးစွာ တောင်းပန်လာသော မောင်။ တစ်ချိန်က ခြယ် ချစ်ရပါသော မောင်။ အရင်ကသာဆို မောင် ရဲ့ နူးညံသိမ်မွေ့ခြင်းတွေကြားမှာ ပျော့ပြောင်းသွားတတ်သည့် ခြယ်။ အခုတော့ အခုတော့ ခြယ် မုန်းတာထက် စိတ်နာရသည့် မောင်။ ခြယ် နှုတ်ခမ်းတွေကို မဲ့ကာ တစ်ဖက်ကို လှည့်လိုက်ပြီး
"ဘာအတွက် လာတောင်းပန်တာလဲ၊ ရှင်နဲ့ ကျွန်မ ဇာတ်လမ်းက အားလုံးပြီးသွားပြီလေ"
"မပြီးဘူး ခြယ်၊ မောင် ချစ်တာ ခြယ်ကိုလေ၊ ရောင်နီခြယ်မှ မဟုတ်တာ"
"အို တော်စမ်း၊ ရှင်လို လူယုတ်မာ စကားကို ကျွန်မ မယုံဘူး"
"ခြယ် ဘာဖြစ်နေတာလဲ"
ESTÁS LEYENDO
လွှဲမှားခဲ့သော ကံကြမ္မာ
Romanceမိန်းမသားတစ်ယောက်အတွက် အိမ်ထောင်မှု ဘုရားတည် ဆေးမင်ရည် စုပ်ထိုး ဤသုံးမျိုးမပိုင် နောင်အခါမှ သိဆိုတဲ့ ရှေး လူကြီးတွေရဲ့ စကားအတိုင်း အိမ်ထောင်ပြုသည့် အခါ အမျိုးသမီးတွေ အတွက် အများကြီး တွေးတော စဥ်းစားစရာ ဖြစ်ပါတယ် ကိုယ့် ရွေးချယ်လိုက်တဲ့ အိမ်ထောင်ဘက်က...