"ခြယ် ခြယ် ၊ ဟုတ်တယ် ခြယ်ရှိတဲ့ ဆီသွားရမယ်"
သူ့ အတွေးတွေထဲ ဝင်လာသည့်က ခြယ်ဆီသွားရန်ပင်။
"ဒုန်း "
"ဒုန်း"
"ဒုန်း"
လှေကားထစ်တွေကို ဒုန်းစိုင်း နင်းရင်း ဖြတ်ကျော်ခဲ့လေသည်။ လှေကားခြေရင်းမှ သားမိနှစ်ဦး၏ အဖြစ်ဆိုးကိုပင် သူ့ ဂရုမပြုနိုင်တော့ပေ။ လှေကားခြေရင်းမှ သားမိကတော့ အသက်ခန္ဓာမဲ့လျှက်ပင်။
ကောင်းဆက်ထူး ကားကို တရကြမ်း မောင်းကာ ခြံထဲမှ ထွက်ခဲ့လေသည်။ သူ့ရဲ့ ဦးတည်ရာက မင်းရတု ရှိရာသို့ပင်။
🐚🐚🐚"ဘယ်လိုလဲ မမ၊ ရုံ အိုင်တင် ပီပြင်တယ် မဟုတ်လား"
ချစ်စဖွယ် အပြုံးလေးဖြင့် မေးလာသော ရုံကြောင့် ခြယ် ယဲ့ယဲ့လေး ပြုံးရင်း
"ပီပြင်တာမှ ဟိုဘက်ကမ်းကိုလွန်ရော့မယ်၊ မမ မှာ ရုံကို ဟိုအကောင် ကိုယ်ထိလက်ရောက်ကျူးလွန်မှာကိုပဲ မမက စိုးရိမ်နေတာ"
"ဒါတွေက မိုင်နာပါ မမရယ်၊ ဒီက ကိစ္စတွေ အကုန်ပြီးရင် ရုံ နိုင်ငံခြား ပြန်တော့မယ်၊ မဟုတ်ရင် မာမီက ဖုန်းခဏခဏဆက်ပြီး ပြန်လာစေချင်နေတာ"
"အန်တီကလည်း သမီးလေးကို လွမ်းရောပေါ့၊ ရုံလဲ မမကြောင့် ပင်ပန်းနေပါပြီ"
ရုံ ယဲ့ယဲ့လေး ပြုံးလိုက်ပြီး
"မပင်ပန်းပါဘူး မမရယ်၊ ရုံက မမကို ကူညီခွင့် ရတာကိုပဲ ဝမ်းသာနေတာ၊ ရုံက မမကို ချစ်တယ်လေ၊ ဖြစ်နိုင်ရင် ယောင်းမတောင် တော်ချင်တာ ဟီး"
"အို"
ပြောချင်ရာ ပြောပြီးမှ ရုံက ရယ်လိုက်လေသည်။ ခြယ်မှာသာ ဘာပြောရမှန်း မသိ။ ဆွံ့အသွားရလေသည်။ ရတု ၏ သူမ အပေါ်ထားသော သဘောထားကို နားလည်နေသလို ရတု မိသားစုက သူမကို အရာရာနားလည်ပေးကာ ဖေးမကူညီခဲ့သည့်က အစပေါ့။
"ကျွီ"
"ဟင်"
ခြံထဲကားကို ဒရကြမ်း မောင်းဝင်လာသော ကားတစ်စီး။ ထိုကားပေါ်မှ ဆင်းလာသော သူကြောင့် ခြယ် နှင့် ရုံ တွေ့လိုက်ရလေသည်။ သူ့တို့ နှစ်ဦး အနားအား တဖြည်းဖြည်းလျှောက်လှမ်းလာသူက ကောင်းဆက်ထူးပင်။
VOCÊ ESTÁ LENDO
လွှဲမှားခဲ့သော ကံကြမ္မာ
Romanceမိန်းမသားတစ်ယောက်အတွက် အိမ်ထောင်မှု ဘုရားတည် ဆေးမင်ရည် စုပ်ထိုး ဤသုံးမျိုးမပိုင် နောင်အခါမှ သိဆိုတဲ့ ရှေး လူကြီးတွေရဲ့ စကားအတိုင်း အိမ်ထောင်ပြုသည့် အခါ အမျိုးသမီးတွေ အတွက် အများကြီး တွေးတော စဥ်းစားစရာ ဖြစ်ပါတယ် ကိုယ့် ရွေးချယ်လိုက်တဲ့ အိမ်ထောင်ဘက်က...