"ဖေဖေ သမီးကို ကျောင်းလိုက်ပို့ပေးနော်"
ကြယ်စင်ခြယ်လေး ပြောလာသော စကားကြောင့် ကောင်းဆက် စိတ်ရှုပ်စွာဖြင့် သမီးပါးလေးကို ဘယ် ညာနမ်းလိုက်ပြီး
"သမီးက လိမ္မာတယ်ကွာ၊ ဖေဖေ အလုပ်မအားလို့ ၊ နောက်ရက် ကျ လိုက်ပို့ပေးမယ်နော်"
သူ့ စကားကြောင့် ကြယ်စင်လေး မျက်လုံး အဝိုင်းလေးဖြင့် ငြိုးငယ်သွားရလေသည်။
ခြယ် သမီးအတွက် ထမင်းချိုင့်လေးပြင်ပေးကာ သားဖနှစ်ယောက်အနားထွက်လာခဲ့ပြီး ငိုမဲ့မဲ့ သမီးမျက်နှာလေးကို ကြည့်ကာ"ဒီသားဖ ဘာဖြစ်နေကြတာလဲ၊ သမီးကလည်း ငိုနေတယ်၊ ဖအေကလည်း မျက်နှာကြီးက"
ကောင်းဆက် သမီးဖြစ်သူကို စိတ်ရှုပ်စွာ ကြည့်လိုက်ပြီး
"ဒီမှာကွာ၊ မင်းသမီး မောင့်ကို ယစ်နေတာ၊ မောင် အစည်းအဝေးရှိလို့ စောစောသွားရပါမယ်ဆို၊ အဲ့ဒါကို ကျောင်းလိုက်ပို့ခိုင်းနေတယ်"
ကျောင်းဝတ်စုံလေးဖြင့် ရပ်နေသော သမီးကို ခြယ် ပြုံးပြလိုက်ပြီး
"အော် သမီးရယ်၊ ဖေဖေ က အလုပ်မှ မအားတာ ၊ မေမေ လိုက်ပို့မှာပေါ့၊ ဖေဖေကို စိတ်ဆင်းရဲအောင် မလုပ်ရဘူးလေ သမီး"
"ဟုတ်ကဲ့ပါ မေမေ"
မျက်နှာငယ်လေးဖြင့် ခေါင်းညိမ့်ပြရှာသော သမီးကို ကြည့်ပြီး ခြယ် စိတ်တော့ မကောင်းဖြစ်မိလေသည်။ သို့သော်လည်း သူမ အပြုံးမပျက် သမီး ဆံနွယ်လေးတွေကို တယုတယ သပ်ပေးနေရင်း
"မောင် အလုပ်သွားမှာ မဟုတ်လား သွားတော့လေ"
"အင်း"
ကောင်းဆက်ထူး ကားလေး ခြံထဲမှ ထွက်သွားလေမှ ခြယ် သမီးကို ပွေ့ချီကာ အခန်းဆီ ပြန်ခဲ့လိုက်လေသည်။
🐚🐚🐚"ဒေါက် ဒေါက် ဒေါက်"
"ကျွီ"
တံခါးဖွင့်သံနှင့် အတူ မျက်နှာလေး နွမ်းဖျော့နေသော ကလေးငယ်။ ဘယ်လောက်တောင် အဖျားပြင်းလေသလဲ မသိ။ မျက်နှာလေးကို ရဲတွတ်နေလေသည်။ ကလေးဆီ လာချင်စိတ်ဖြင့် သမီးကို အော်လိုက်မိသည့်ကိုတော့ သူ့ စိတ်မကောင်းဖြစ်မိလေသည်။
YOU ARE READING
လွှဲမှားခဲ့သော ကံကြမ္မာ
Romanceမိန်းမသားတစ်ယောက်အတွက် အိမ်ထောင်မှု ဘုရားတည် ဆေးမင်ရည် စုပ်ထိုး ဤသုံးမျိုးမပိုင် နောင်အခါမှ သိဆိုတဲ့ ရှေး လူကြီးတွေရဲ့ စကားအတိုင်း အိမ်ထောင်ပြုသည့် အခါ အမျိုးသမီးတွေ အတွက် အများကြီး တွေးတော စဥ်းစားစရာ ဖြစ်ပါတယ် ကိုယ့် ရွေးချယ်လိုက်တဲ့ အိမ်ထောင်ဘက်က...