Ep-8

1.8K 46 0
                                    

"ဟာကွာ"

ခြယ် ကို ရိုက်လိုက်သော ကိုယ့်လက်ကို ကိုယ့်ပြန်ကြည့်ကာ သူ လွန်သွားပြီးမှန်း သိလိုက်လေသည်။

မဖြစ်ဘူး၊ ခြယ်ကို ကွာရှင်းမပေးနိုင်ပေ။ ခြယ်ကို ဒုတိယတစ်ကြိမ် ပြန် ပိုင်ဆိုင်ခွင့် ရခဲ့ချိန်က စပြီး ခြယ်ကို ကွာရှင်းဖို့ တစ်ကြိမ်တစ်ခါပင် သူ့ မတွေးခဲ့မိပေ။ အခုလိုကြီး ကွာရှင်းဖို့ ဆိုတာ ပိုတောင်မဖြစ်နိုင်သေးပေ။

သူ အဝတ်တွေကို ကပျာကယာဝတ်လိုက်ပြီး အပြင်ထွက်မည် ပြင်တော့

"ဦး "

သူ ကျောနောက်ပါးမှ သူ့ကို သိုင်းဖက်လာသော လက်တစ်စုံ။ ထိုလက်တစ်စုံကို သူ ဖြုတ်ချပြီး လှေကားထစ်တွေ အတိုင်း ပြေးဆင်းခဲ့လိုက်လေသည်။

ပြင်ဆင်ခွင့်လေး နောက်တစ်ခါ  ရခဲ့လျှင် သူကျေနပ်ပါပြီ။
                            🐚🐚🐚

"နင် ငိုချင်ငိုချလိုက်ခြယ်"

ရတု  မျက်ရည်မကျအောင် ထိန်းရင်း အံ့ကြိတ်ထားသော ခြယ်ကို ကြည့်ပြီး သနားဂရုဏာသက်ကာ ရေရွတ်လိုက်မိလေသည်။ ခြယ် မျက်နှာကို တင်းကာ ခေါင်းကို မော့လိုက်ပြီး

"ငါ မငိုဘူး ရတု၊ ဒင်း လို ယောကျာ်းအတွက် ငိုစရာမလိုဘူး၊ ဒါပေမယ့် လုပ်ရပ်လေခြင်း ဆိုပြီး ငါ ခံပြင်းတာ"

ရတု ကောင်းစွာ နားလည်သည်။ သူမလေး စိတ်ကို ကောင်းစွာနားလည်ထားသူ ပီပီ သူလဲ ကောင်းဆက်ထူးလို ကောင်ကို ယုံကြည်ပေးခဲ့ဖူးသည်။ ခြယ် နှင့် ကောင်းဆက်ထူး ပြန်ပေါင်းထုတ်သည့်မှာ သူကြောင့်ဖြစ်လေတော့ ကိုယ့် ချစ်ခဲ့ဖူးသော မိန်းကလေးကို သူ့ ကိုယ်တိုင်ပင် ဆင်းရဲတွင်းထဲ ပြန်ပို့ခဲ့ခြင်းပင်။ ထိုကြောင့် သူ့ အပြစ်မကင်းသည့်ကို သူ့ ကောင်းစွာ နားလည်လေသည်။

"မေမေ"

သူတို့ နှစ်ယောက်ကြားမှာ မျက်နှာငယ်လေးဖြင့် ထိုင်နေသော သမီးငယ်။  ခြယ် သမီးကို ခြယ်ပေါင်ပေါ်ပွေ့တင်ကာ နမ်းလိုက်ပြီး

"ရတု နင် သမီးကို ခေါ်ထားပေး၊ ငါ့ အဲ့ဒီကောင်နဲ့ ရှင်းစရာရှိတာ ရှင်းပြီးရင် ရွာကို ပြန်မယ်"

လွှဲမှားခဲ့သော ကံကြမ္မာWhere stories live. Discover now