Ep-13

1.9K 51 0
                                    

"တောက်!"

ပြင်းထန်စွာ တောက်ခက်သံနှင့်အတူ သူ့ ဒေါသတွေ ထိန်းချုပ်ရခက်ခဲစွာပင်။ သူ့ကို ပြောသွားသည့်များက သူ့ အရှိုက်တည့်တည့်ကို ပြင်းထန်စွာ ရှိုက်ခက်သွားရလေသည်။

"ဘာတဲ့ နွားအိုမြတ်နုကြိုက်တဲ့၊ တောက် ဒီမိန်းမတော့ကွာ"

ကားပေါ်ရောက်သည့် အထိ သူ့စိတ်တွေက မတည်ငြိမ်ပေ။ အိမ်လည်း မပြန်ချင်ပေ။ အိမ်ပြန်လေလျှင် မူဟန်နွှဲ့ ကြောင့်  စိတ်ညစ်ရပေဦးမည်။ ထိုကြောင့် သူ့ ဦးတည်ခဲ့သည့် နေရာက ပိုးရုံလွှာ၏ တိုက်ခန်းသို့။

"တင်းတောင်  တင်းတောင်"

လူခေါ်ဘဲလ်ခေါ်သံကြောင့် ရုံ တံခါးဖွင့်ကြည့်လိုက်တော့ ဦး။
နာရီလှမ်းကြည့်လိုက်တော့ ည ၁၁နာရီထိုးနေလေပြီ။

"ဦး ဦး ဘာလာလုပ်တာလဲ"

ကောင်းဆက် အခန်းထဲ ဝင်လာရင်းဖြင့်

"ကိုယ့် ဒီမှာလာအိပ်တာ"

"ဘာ!"

ရုံ နှုတ်ခမ်းပါးလေးတွေ တဆက်ဆက်တုန်ခါသွားကာ သူ့ကို ခပ်စူးစူးကြည့်လိုက်ပြီး

"ကျွန်မကို ဘယ်လိုမိန်းမစား မှတ်နေတာလဲ ဦးကောင်းဆက်ထူး"

ခပ်စွာစွာထွက်ပေါ်လာသော ရုံ အသံက သူ့အတွက်တော့ အတော်စိမ်းသက်နေလေသည်။ ကောင်းဆက်ထူး စိတ်ပျက်စွာညည်းတွားလိုက်သည့်က

"ရုံကလဲ ဘာဖြစ်နေတာလဲ၊ ကိုယ်တို့က လက်ထပ်ကြမှာပဲလေ၊ Living together နေတယ်ဆိုတာ ကိုယ့်တို့ နှစ်ယောက်အတွက် အဆန်းတော့ မဟုတ်ဘူးထင်တယ်"

"အဲ့ဒါအဆန်းမဟုတ်တာလား ဦး၊ လက်ထပ်ပြီးမှ living together နေတာဆို တစ်မျိုးလေ၊ အခုဟာက ရုံ နဲ့ ဦးက လက်ထပ်ရသေးတာ မဟုတ်ဘူး၊ ပတ်ဝန်းကျင် ရှိတယ်ဦး ၊ ပတ်ဝန်းကျင်က ပြောလာရင် ဦးက ဘာမှမဖြစ်ဘူး၊ ရုံ ပဲ ရစရာမရှိအောင် အပြောခံရမှာ"

ကောင်းဆက် ရုံကို ကြည့်ကာ သက်ပြင်းဖွဖွရှိုက်ရင်း

"ကိုယ့်ကရော မင်းနဲ့ အတူအိပ်ပါမယ် ပြောလို့လား၊ ကိုယ့် ဒီည တစ်ည ဒီအခန်းမှာ အိပ်ချင်လို့ လာတာ"

လွှဲမှားခဲ့သော ကံကြမ္မာWhere stories live. Discover now