Ep-11

1.8K 44 0
                                    

၅ နှစ်ခန့်ကြာသော

၁၄ နှစ်အရွယ် သမီးတစ်ယောက် လက်ဆွဲကာ လေဆိပ်အပြင်သို့ ထွက်လာသူက တည်ကြည်ရင့်ကျက်မှု အပြည့်ရှိသော အမျိုးသမီး တစ်ဦးပင်။ သူမက  "တက်နေဝန်း"ကုမ္ပဏီ၏ အမှုဆောင်အရာရှိ တစ်ဦးဖြစ်သော CEO ဒေါ်စိတ်ထားမြတ် တစ်ဖြစ်လဲ  သုံးရောင်ခြယ်ပင်။ အဆင်သင့် လာကြိုသော  နက်မှောင်နေသောကားအနက်လေးပေါ် သူမ၏ သမီးဖြစ်သူ ကြယ်စင်ခြယ်လေးနှင့် အတူဝင်ထိုင်ကာ ရတု စီစဉ်ပေးထားသော အိမ်လေးစီသို့။

အိမ်ရှေ့ရောက်လေတော့ ဂါဝန်ဝဲဝဲလေးဝတ်ထားသော သမီးက ကားပေါ်မှ  ပြေးဆင်းသွားပြီး

"ဦးဦး ရတု"

"အာ လာပါဦး ၊ ဦးရဲ့ သမီး"

ရတုက သမီးကို ပွေ့ချီလိုက်ပြီး ပါးနှစ်ဖက်ကို နမ်းလိုက်လေသည်။ ထို မြင်ကွင်းကို ခြယ် ပြုံး၍ ကြည့်လိုက်တော့

"ခြယ် အိမ်ထဲမှာ အေးဆေး အနားယူ ရအောင်"

"လောကွပ်ချော်မနေနဲ့ ကိုမင်းရတု"

ထုံစံအတိုင်း ပေါက်ပေါက်ဖောက်တတ်တဲ့ အကျင့်က မပြောင်းလဲသူလေးပင်။  ရတုက သမီးကို ပွေ့ချီကာ အိမ်ထဲ ဝင်သွားလေတော့ သူမလဲ အနောက်မှ လိုက်ခဲ့လေသည်။

ဧည့်ခန်းဆိုဖာပေါ်မှာ အသီးသီးထိုင်မိကြတော့  သမီးက အိမ်ချင်သည့်ဟု ဆိုသဖြင့် ခြယ် သမီးကို အခန်းထဲလိုက်ပြကာ ချော့သိပ်ရပြန်ပါသည်။ ဟိုအရင်က သူ့အဖေ ချော့သိပ်မှ အိပ်တတ်သည့် သမီးက အခုဆို သူမ ချော့သိပ်မှ အိပ်တတ်ခဲ့လေပြီ။ 

ကလေးပီပီ တစ်ခါတစ်လေ အဖေကို သတိရ၍ ငိုတတ်သည့် သမီးငယ်ကို မြင်တိုင်း ခြယ် ရင်တွေတဆတ်ဆတ် နာရပြန်ပါသည်။ ဒင်းကတော့ အခုဆို မူဟန်နွှဲ့ နှင့် သားတစ်ယောက်ပင်ရ၍ အပျော်ကြီး ပျော်နေလေရဲ့။

"ပျော်ထားဦးပေါ့ ကောင်းဆက်ထူးရယ်၊ နင့်အတွက် မုန်းတိုင်းတွေ မကြာခင် ငါ့ သယ်ဆောင်လာခဲ့မယ်"

ခြယ် ရင်ထဲက နာကျည်းမှုတွေကို အမုန်းတရားအဖြစ် ပြောင်းလဲခဲ့တာ ၅ နှစ်ရှိခဲ့လေပြီ။
                                 💕💕💕

ည၏ တိတ်ဆိတ်မှုအောက်မှာ ခြယ် နှင့် ရတု ခြံထဲဆင်းကာ စကားတွေ ပြောဖြစ်ကြလေသည်။ ထိန်ထိန်သာနေသော လမင်းကြီး၏ အလင်းရောင်က အေးချမ်းမှု အလျှင်ကို ယူဆောင်နေလေသည်။

လွှဲမှားခဲ့သော ကံကြမ္မာWhere stories live. Discover now