ဒီတစ်ခါ ဂျာနယ်ကျော်မမလေး ရဲ့ သူမ ဆိုတဲ့ စာအုပ်ကို ပြောပြချင်ပါတယ်။ ၁၉၄၅ ခုနှစ်မှာ ပထမဆုံးအကြိမ်ထုတ်ဝေတာမို့ ဒီစာအုပ် သက်တမ်းက နှစ်ပေါင်း ၇၇ နှစ်ရှိပါပြီ။ နှစ်တွေ ကြာပေမဲ့ စာအုပ်ရဲ့ အရေးပါမှု၊ ဘာကြောင့် ဖတ်သင့်သလဲ ဆိုတာတွေက မေးစရာမလိုအောင်ဖြစ်လာပါပြီ။ အများစုဖတ်ပြီးကြမယ်လို့ ယုံကြည်ပါတယ်။ ဒီ စာအုပ်ကို အခု Review ရေးပေးမှာမို့လို့ မဖတ်ရသေးသူများ ကျော်လိုက ကျော်သွားနိုင်ပါတယ်။ ကျွန်တော်ရေးတဲ့ အခါ ဇာတ်ကောင်နေရာက၊ စာရေးသူနေရာ၊ စာဖတ်သူနေရာကနေ ခွဲခြမ်းပြီး ရေးပါမယ်။
ဇာတ်လမ်းရဲ့ ရည်ရွယ်ချက်က ရိုးရှင်းပါတယ်။ အမျိုးသမီး တွေသည် မည်မျှ အရေးကြီးကြောင်းကို ဖော်ပြထားတာပါ။ ခေတ်အလိုက် အမျိုးသမီး တွေကို နှိမ့်ချ ဆက်ဆံလာကြတာ ဒီနေ့အထိ အယူအဆ တွေသည်းနေကြတုန်းပါ။ ရိုးရာ ဆိုတာကို ခေါင်းစဉ်တပ်ပြီး ခွဲခြားလာခဲ့ကြတဲ့ ကိုယ့် လူနေမှု စနစ်ကို ဒီစာအုပ်က နေတဆင့် စာရေးသူက မီးမောင်းထိုးထားတယ်။ အမျိုးသားများနှင့်တန်းတူ လုပ်နိုင်ကိုင်နိုင်ကြသော၊ အမျိုးသားများကို ဦးဆောင်နိုင်သော အမျိုးသမီးတစ်ဦး ကို စာဖတ်သူများ တွေ့ရမည် ဖြစ်သည်။ သူက ဘယ်သူများပါလဲ။
သက်သက် လို့ အမည်ရတဲ့ ကောင်မလေး တစ်ဦးရဲ့ ဇာတ်လမ်းကိုဖတ်ရပါမယ်။ ပျောက်ဆုံးသွားသော ငွေ ၂၅၀၀ ကို ပြန်လျော်ပေးရန် အတွက် ရန်ကုန်မှာ အလုပ်လာရှာရင် မမျှော်လင့်ထားသော အလုပ်တစ်ခုကိုရသွားပါတယ်။ သူမ အလုပ်က အမျိုးသား ၅ ယောက်နေသော အိမ်ကို စီမံခန့်ခွဲ အုပ်ချုပ်ပေးရမှာဖြစ်ပါတယ်။ ဒီလိုလုပ်ရာတွင် စည်းနဲ့ ကမ်းနဲ့ လုပ်ရန်အတွက် သက်သက်က စည်းကမ်းတစ်ခုချမှတ်ပြီး အလုပ်ရှင်ကို ခွင့်တောင်းပါတယ်။ သူနဲ့ ပတ်သက်ပြီး အလုပ်က လွဲလို့ ကိုယ်ရေးကိစ္စများ မမေးရန်၊ မပြောရန် စည်းတစ်ခုချထားပါတယ်။ သူမကိုယ်သူမ ဖုံးကွယ်ရန် အတွက် ဒီလိုစည်းမျိုးချထားပြီး သူမ နာမည်ကော ၊ဝတ်ပုံစားပုံပါ ပြောင်းလဲ ပစ်လိုက်ပြီး သက်သက် မဟုတ်ပဲ မေရီ အဖြစ်ကို ရောက်သွားပါတယ်။
သက်သက်သည် မြန်မာဆန်ဆန်လှပသော၊ ရှက်တက် သော၊ စိုးရိမ်တက်သော၊ စေ့စပ်သေချာသော မိန်းကလေးဖြစ်သည်။ မေရီသည် ကျွမ်းကျင်သော၊ စည်းကမ်းကြီးသော၊ သေသပ်သော မိန်းကလေး ဖြစ်ပါသည်။ ဒီလို မတူတဲ့ သရုပ်နှစ်ခုအကြားက ဇာတ်ကောင် ကောင်မလေး ကို အမျိုးသား ၅ ယောက်နဲ့ အတူစိတ်ဝင်စားဖွယ် ဇာတ်လမ်းကို ဖတ်ရှုရပါမယ်။
YOU ARE READING
Books Review by Aung Phyo
AléatoireThis is about the books review, what i've been read. I hope you will enjoy.