#The_Achemist
#သိုးကျောင်းသားရဲ့အနတ္တလွင်ပြင်ဒီစာအုပ် ဖတ်တဲ့ အချိန်တိုင်း ထူးခြားတယ်။ မူရင်းစာရေးသူ #Paulo_Coelho ရဲ့ ကမ္ဘာ ကျော်လက်ရာ တစ်ခု ဖြစ်ပြီး စာအုပ် ပေါင်း သန်းချီရောင်းရပြီး ဘာသာစကားပေါင်းများစွာဖြင့် ပြန်ဆို ရေးသားခဲ့ရ သော စာအုပ် တစ်အုပ် ဖြစ်ပါတယ်။ 1987 မှာ ထုတ် ဝေခဲ့တဲ့ ဒီစာအုပ်ဟာ အခုဆို နှစ် ပေါင်း 33 နှစ် ရှိပါပြီ။ ဒီစာအုပ် ဟာ လူပေါင်းများစွာကို အ တွေးအ ခေါ်တွေ ပြောင်းလဲ အောင် လုပ်နိုင် ပေးခဲ့တယ်။ စာရေးသူ ဒီစာအုပ် ရေးတုန်းက #Sufi ယဉ် ကျေးမှု အ တွေး အ ခေါ်က သူ့ အ ပေါ် လွှမ်းမိုးမှု ရှိခဲ့တယ် လို့ ပြောဖူးတယ်။ ဆရာ မိုးသက်ဟန် ဘာသာ ပြန်တဲ့ မြန်မာ version ကို ဆရာက #သိုးကျောင်းသားရဲ့အနတ္တလွင်ပြင် လို့ ပေးထားတယ်။
စင်တီယာဂို လို့ ခေါ်တဲ့ စပိန် ကောင် လေးသည် သူ နှစ်ကြိမ်တိုင်တိုင် မက်ခဲ့တဲ့ အိပ်မက်ထဲက ရတနာ တွေ ကို ရှာ ဖို့ အတွက် မြေထဲပင်လယ်၊ တန်ဂျီယား ဒေသ၊ ကန္တာရ ကို ဖြတ် ကျော်ပြီး အီဂျစ်က ပိရမစ် တွေဆီ ရောက် အောင် သွားတယ်။ လမ်း တစ် လျှောက် တွေ့ဆုံခဲ့တဲ့ ဘုရင်အိုကြီး၊ သလင်းကျောက်ကုန်သည်၊ အင်္ဂလိပ် အမျိုးသား၊ အဂ္ဂိရက်ဆရာ၊ ကောင်မ လေး ဖာတီမာ တို့က ကောင် လေး အိမ်မက်ကို အ ကောင်အထည် ပေါ်ဖို့ ပံ့ပိုးပေးတယ်။ လမ်းတစ် လျှောက် တွေ့ကြုံခဲ့တဲ့ အခက်အခဲ၊ ပြဿနာ၊ အန္တရာယ် တွေကို သူ ကျော်ဖြတ်ပြီး သူလိုချင် တဲ့ ရတနာ တွေဆီကို ရောက် ဖို့ကြိုးစားတဲ့ ဇာတ်လမ်းပဲ ဖြစ်ပါတယ်။
ဒီစာအုပ်ထဲက သ ဘောကျတဲ့စာစု လေးရှိတယ်။ ဒါ လေးက ''မင်းက တစ်ခုခုကို လိုချင် နေပြီဆို စကြဝဠာကြီး တစ်ခုလုံးက မင်းလိုတာရ အောင် လျှို့ဝှက်ပြီး ကူညီ ပေးလိမ့်မယ်''။ ဒီစာသားက ဖတ် နေရင်း ဖတ်ပြီးတဲ့အခါ မှာ ကိုယ့်အတွက် တွန်းအားတစ်ခု ဖြစ် စေတယ်။ အားရှိ စေတယ်။ ဒီလိုမျိုး စာ တွေ အများ ကြီးပဲ စာအုပ်ထဲမှာ တွေ့ရလိမ့်မယ်။ စာက ရိုးတယ် ထင်ရ ပေမဲ့ ကောင် လေး ရဲ့ ဇာတ်လမ်းနဲ့ တွဲ ဖတ်လိုက်ရတာက ကိုယ့်အတွက် ထူးခြားမှု တစ်ခုပဲ။
ဒီစာအုပ်က ဝတ္ထု၊ စွန့်စားခန်း၊ စိတ်ကူးယဉ်၊ အောင်မြင် ရေး အမျိုးအစားထဲမှာ ပါလို့ ဖတ်တဲ့အခါ စာဖတ်သူ ပေါ်မူတည်ပြီး စာအုပ်က နေ ရမယ့် အ တွေး အ ခေါ်၊ အယူအ ဆ တွေက အများကြီးပါပဲ။ ဖတ်ကြည့်ရင် သာမာန်နဲ့ မတူတဲ့ စကားအ ပြောအဆို တွေ တွေ့ရမယ်။ စိတ်ကူးယဉ် အမျိုးအစားမို့ လက် တွေ့ဘဝ နဲ့ သွားပြီး ယှဉ်ကြည့်လို့မရဘူး။ လက် တွေ့ဘဝမှာ က ဒီထက်ပိုပြီးခက်ခဲနိုင်တယ်။
အစပိုင်း မှာပဲ သိုးကျောင်းသားရဲ့ နာမည် စင်တီယာဂိုကို မိတ် ဆက် ပေးထားပြီး နောက်ပိုင်းပြီးတဲ့ အချိန်ထိ ကောင် လေး လို့ပဲ နာမ်စား သုံးထားတယ်။ လူ တွေမှာ ရှိတက်တဲ့ သဘာဝ တစ်ခုက အ ပြောင်းအလဲ လုပ်ဖို့ ခက်ခဲတယ်လို့ ယူဆကြတယ်။ အသားကျ နေတဲ့ နေရာ ဒေသက အသင့် တော်ဆုံးလို့ ထင်ကြတယ်။ ဘောင်ထဲက နေ အပြင်ထွက် ဖို့ကို တွန့်ဆုတ် နေကြတယ်။
လူ ေတွက ေအာင်မြင်ချင်တယ်၊ ေငွ ေကြးကြွယ်ဝ ချမ်းသာချင်တယ်၊ ေကျာ်ကြားချင်တယ်...စတ့ဲ အိမ်မက် ေတွ ကိုယ်စီ ရှိကြတယ်။ အိမ်မက် ေတွကို လူတိုင်း မက်ခွင့်ရှိတယ်။ အိမ်မက် ေတွ အ ေကာင်အထည် ေပါ် ဖို့ အတွက် ထိုင် ေနရုံနဲ့ မရဘူး။ နည်းလမ်း ရှာရမယ်၊ ကိုယ်တိုင် လုပ် ယူရမယ်၊ လုပ် ေနရင်း ေပါ်လာမယ့် နိမိတ် ေတွ ကို သိရမယ်၊ သိ ေအာင် လဲ ကိုယ်က တက်ကြွ ေနရမယ်။ ဒီလို မျိုး အိမ်မက် ေတွ နဲ့ ေကာင် ေလးတစ် ေယာက် ြဖတ်သန်း ခ့ဲရတ့ဲ အ ေကြာင်းကို စိတ်ဝင်စားဖွယ် စာရေးသူ က သိုးကျောင်းသားရဲ့ စွန့်စားခရီးကို ကျောရိုးပြုပြီး ပြောပြထားတယ်။
စာအုပ်တစ်အုပ်က လူ တစ် ယောက်ရဲ့ ဘဝကို ပြောင်းလဲနိုင်တယ်ဆိုတာ ထက် သူ့ အ တွေး အ ခေါ်ကို ပြောင်းလဲ နိုင်တယ် လို့ ပြောတာ ပိုသင့် တော်ပါမယ်။ ဒီစာအုပ်က ဖတ်တဲ့သူ တွေကို အနည်း နဲ့ အများ ပြောင်းလဲ စေမှာ အမှန် ပါပဲ...။ ကောင် လေးဟာ တကယ်ပဲ ရတနာ တွေကို တွေ့ခဲ့လား။ သူတကယ်ရခဲ့လား။ ရတနာ ဆိုတာ ဘယ်လို ဟာမျိုးကို ပြောတာလဲဆိုတာ သိရဖို့ ဖတ်ကြည့်ဖို့ တိုက်တွန်းပါရ စေ။ အောင်မြင် ရေးစာ တွေ မ ဖတ်ချင်တဲ့ သူ တွေ ရွေးချယ်စရာ စာအုပ် ကောင်းတစ်အုပ်ပါ။
#BbH
#Novel_Adventure_Fiction
#Paulo_Coelho
#Translated
#မိုးသက်ဟန်
#သိုးကျောင်းသားရဲ့အနတ္တလွင်ပြင်
YOU ARE READING
Books Review by Aung Phyo
AléatoireThis is about the books review, what i've been read. I hope you will enjoy.