#မဲ့
စာအုပ် ရဲ့ နောက်ဖုံးမှာ "ဥစ္စာမဲ့၊ ဆွေမျိုးမဲ့၊ မိဘမဲ့၊ အသိုင်းအဝိုင်းမဲ့ တို့ကြားထဲက မေတ္တာမမဲ့သူ တစ် ယောက်" လို့ ရေးထားတာ လေးကို ဖတ်မိရင် ဒီစာအုပ်က ဘယ် အ ကြောင်းအရာကို ဦးစားပေး ဖော်ပြထားမယ် ဆိုတာ တီးမိ ခေါက်မိ ရှိပါလိမ့်မယ်။ စာမျက်နှာ ၁၄၀ သာသာ ရှိသဖြင့် ဖတ်တဲ့ အခါ အချိန် လေးတစ် ခုသာ ပေးပြီးဖတ်ရင် အစအဆုံး ဖတ်ပြီးတဲ့ အခါ ရမယ့် ခံစားမှုက ဘာနဲမှလဲလို့မရ အောင် သိပ်ကို ကောင်းလွန်း နေပါတယ်။
ဒီစာအုပ်က ၂၀၂၀ မှာထုတ်တာမို့ ခေတ်ကာလ နောက်ခံက ကျွန် တော်တို့ နဲ့ မစိမ်းပါဘူး။ နီးလျက်နဲ့ ဝေး၊ တော်ရုံသိပ် မ တွေးဖြစ်တဲ့ ကိစ္စ တွေ၊ နိုင်ငံ နဲ့ချီတဲ့ ကိစ္စ၊ လူငယ် တွေနဲ့ဆိုင်တဲ့ ကိစ္စ၊ အလုပ်အကိုင် အခွင့်အလမ်း တွေနဲ့ ပတ်သက် တဲ့ ကိစ္စ တွေကို ပါးပါးလေးထည့်ပြီး မိသားစု ဇာတ်လမ်း လေးတစ်ခု ဖန်တီးထားပါတယ်။ မေတ္တာတရား ကို အ ခြေခံထားတဲ့ အမျိုးသမီး နှစ်ဦးရဲ့ ဆက်ဆံရေးကို မြတ်နိုးဖွယ်ရာ တွေ့မြင်ရမယ်။ တစ်ခါ တစ် လေ လူ တွေမှာ တွေ့ရတက်တဲ့ အရာလေးကို စကားလေးတစ်ခုနဲ့ ဖော်ပြတယ်။ ''ရတာမလို၊ လိုတာမရ'' တဲ့။ ဒီစကားလေး အတိုင်း ဆရာမ ဖန်တီးတဲ့ ဇာတ် ကောင် လေးတွေ မှာ တစ်ယောက်က ပိုင်ဆိုင်ထားတာကို မလိုချင်ဘူး၊ နောက်တစ် ယောက်မှာ တော့ ဆန့်ကျင်ဘက်။ ဘာကြောင့်လဲ ဆိုတာသူတို့မှာ ခိုင်မာတဲ့၊ လက်ခံ နိုင် လောက်တဲ့ အ ကြောင်းပြချက် တွေရှိတာကိုး။
အဆုံးသတ်ကို ဘယ်လို လဲ ဆိုတာကို ဆရာမက မ ပြောထားဘူး။ စာဖတ်သူကို ဆုံးဖြတ် စေတယ်။ ရှေ့ပိုင်းမှာ သဲလွန်စလို အချက်အလက် တွေ ချထားပေးထားတာ မို့ ဖတ်တဲ့အခါ ဂရုစိုက်ဖတ်ရပါမယ်။ အဆုံးသတ်က ဖတ်တဲ့ သူရဲ့ မူရင်းစိတ်အခံ၊ အ တွေ့အကြုံ ပေါ်မူတည်ပြီး တစ် ယောက်နဲ့တစ် ယောက် တူနိုင်မယ် မထင်ဘူး။
ဇာတ်လမ်းကို ကော၊ ဇာတ် ကောင် အမည် တွေကို ကောပါ ကျွန် တော် မ ပြောပြချင်ပါဘူး။ ဖတ်တဲ့အခါ ပေါ့သွားမှာ ဆိုးလို့ပါ။ ဖတ်ကြည့်ကြည့်ပါ။ ဖတ်ပြီးရင် ရမယ့် ခံစားမှုကော၊ အ တွေး တွေပါ အများကြီးရမယ်ဆိုတာ အာမခံပါတယ်။ အဖြစ်အပျက် တွေက နိုင်ငံအတွက် အ ရေးကြီးတဲ့ အ ကြောင်းအရာ တွေ ကို ပြောပြထားတာ မို့ အ တွေးနယ်ချဲ့ကြည့်ရင် ကြည့် သ လောက် အရမ်း ကောင်းတဲ့ ဇာတ်လမ်း လေး တစ်ခုပါ။
#BbH
#Novel
#Mae
#YuYa
YOU ARE READING
Books Review by Aung Phyo
De TodoThis is about the books review, what i've been read. I hope you will enjoy.