Into The Wild - ကန္တာရ ခရီးသည်

15 0 0
                                    

#Into_The_Wild
#ကန္တာရခရီးသည်

ဒီစာအုပ်က ထူးခြားတယ်။ ဖတ်ခဲ့ဖူးသမျှစာအုပ် တွေထဲမှာမှ ရေးသားတာမတူတဲ့ပုံစံ နဲ့ ခွဲထွက် နေတယ်လို့ ပြောရင် ပိုမှန်မယ်။ အ မေရိကန် တစ်လွှား ၁၉၉၂ ပတ်လည် မှာ ထင် ပေါ် ကြော်ကြားသွားတဲ့ ဖြစ်ရပ် တစ်ခုကို အ ခြေတည်ပြီး စာအုပ်ဖြစ်လာတာပါ။ ဆိုလိုတာက ဖြစ်သွားတာ တစ် ယောက်၊ စာအုပ် ကို ရေးတာက တစ် ယောက်။ စာဖတ်သူကို ဒုတိယသူ က ပြောပြ နေတဲ့ ပုံစံ မျိုးရေးထားတာပါ။ စိတ်ဝင် စားဖို့ကောင်းတယ်။

တစ်ကိုယ် တော်စွန့်စား ခရီးသွားသူအ ကြောင်းရေးသားထားတာပါ။ လူတစ် ယောက်ကခရီးသွားတာ မထူးဆန်းပါဘူး။ အဲ့သူက ဘယ်လိုမျိုးခရီးသွားတာလဲ။ ဘယ်လိုသွားတာလဲ၊ ဘာကြောင့်သွားတာလဲ၊ ဘယ်သူ တွေနဲ့ သွားတာလဲ၊ ဘယ်လိုခံယူချက် နဲ့ သွားတာလဲ က အဲ့သူကို သာမန်ထက် ပိုထူးဆန်း စေပါတယ်။

ဒီစာအုပ်ထဲက အဖြစ်အပျက်က "ခရစ္စတိုဖာမက်ကန်းဒလက် (or) အလက်ဇန်ဒါးစူပါထရမ့်" ဆိုတဲ့ အသက် ၂၀ ပတ်လည် ကောင် လေး က အလက်စကာ ပြည်နယ်ထဲမှာ တစ်ကိုယ် တော် တောကြမ်းခရီးနှင်တဲ့ အ ကြောင်းကို စာရေးဆရာ "ဂျွန်ခရက် ကောင်ဝါ " က ရေးသားထားတာပါ။ တစ်ကိုယ် တော် ခရီးနှင်တာက လွယ်ကူတဲ့ ကိစ္စမဟုတ်ပါဘူး။ သာမန်ခရီးတိုလေး တစ်ခု ထွက်ဖို့ တောင် ကျွန် တော်တို့မှာ ပြင်ရဆင်ရတာ မနည်းပါဘူး။ ဒီစာအုပ်ထဲ မှာ စာရေးသူက "ခရစ်" သွားခဲ့တဲ့ပတ်ဝန်းကျင်၊ ဒေသ တွေ၊ သူနဲ့ တွေ့ဆုံခဲ့တဲ့ လမ်းခရီးက လူ တွေ၊ သူ့မိသားစု၊သူငယ်ချင်း မိတ် ဆွေ တွေ၊ နောက်ဆုံး သူချန်ထားခဲ့တဲ့ စာမှတ်စုတို တွေ၊ ဓာတ်ပုံ မှတ်တမ်း တွေကို ခြေရာခံပြီး ရေးဖွဲ့ထားတာပါ။ စာရေးသူ ကိုယ်တိုင်က ခရီးကြမ်းနှင်သူ တစ် ယောက်မို့ သူတို့ နှစ် ယောက်ကြားက တူညီတဲ့ အချက် တွေ၊ တူညီတဲ့ အ တွေးခေါ် အယူအဆ တွေ များပါတယ်။ အလက်စကာ မှာ စာရေးသူရဲ့ "ဒက်ဗီးလ်သမ့်ဘ် တောင်တက်ခရီး" အ ကြောင်း ရေးထားတဲ့ အပိုင်းဖတ်ပြီးရင် "ခရစ်" ရဲ့ ခရီးစဉ် မလွယ်ကူခဲ့တာ ကို ခံစားမိနိုင်တယ်။

တစ်ကိုယ် တော်ခရီး နှင်သူ တွေအများကြီးမှာ အိမ်ပြန် ရောက်တဲ့ သူ တွေရှိသလို၊ "ခရစ်" လို အိမ်မပြန် ရောက်ခဲ့တဲ့သူ တွေလဲ အများကြီးရှိတယ်။ ကြမ်းတမ်းတဲ့ သဘာဝ ပတ်ဝန်းကျင်က ခရီးကြမ်းနှင်တဲ့ သူ တွေရဲ့စိတ်ဓာတ်ကို ရိုက်ချိုးပစ်ပြီး နောက် ကြောင်းပြန်လှည့် ခိုင်းသလို၊ အခက်ခဲ တွေကြုံလာတဲ့အခါ၊ စိန် ခေါ်မှုတွေကို ရင်ဆိုင်လာရတဲ့ အခါ စိတ်ဓာတ်ကျပြီး ပုံမှန်မဟုတ် တော့တဲ့ စိတ် နဲ့ နိဂုံးချုပ်ခဲ့ရသူ တွေအများကြီးရှိတယ်။ "ခရစ်" ကအိမ်မ ပြန်နိုင်တဲ့ သူ တွေထဲမှာပါတယ်။ ဒါပေမဲ့ သူက နောက်ဆုံး အချိန်ထိ ပုံမှန်စိတ်နဲ့ ပဲ အဆုံးသတ်သွားတယ်။ သူ့ရဲ့ နောက်ဆုံး နေ့ရက် တွေကို အာဟာရ ချို့တဲ့စွာ နဲ့ ဖြတ်သန်းခဲ့ရတယ်လို့ စာရေးသူက ကောက်ချက်ဆွဲထားပါတယ်။ ဒုတိယ လူ အမြင်နဲ့ ရေးထားတာမို့ ခရစ် ဘယ်လို ဖြစ်သွားတယ် ဆိုတာ ခရစ် ကလွဲရင် ဘယ်သူမှ မသိပါဘူး။

မြန်မာ အဘိဓာန်မှာ "ကန္တာရ" ကို "သွားလာရန်ခက်ခဲသော ခရီး" လို့ အဓိပ္ပါယ်ဖွင့်ဆိုထားပါတယ်။ ခရစ်ရဲ့ ခရီးကို စိတ်ဝင်စားရင်၊ သူဟာ ဘယ်လိုလူလဲဆိုတာ သိချင်ရင်၊ ခရီးကြမ်းနှင်သူ တစ်ဦးကို အနီးကပ်ကြည့်ချင်ရင် ဖတ်ကြည့်သင့်တဲ့စာအုပ် လေးပါ။ ဖတ်ရင် Google Map နဲ့ ပါတွဲပြီး ကြည့်ရင် ခရစ် သွားခဲ့တဲ့ လမ်း ကြောင်း တွေကို ခြေရာ ကောက်နိုင်ပါတယ်။

ကြမ်းတမ်းခက်ထန်တဲ့ သဘာဝတရားကြီးထဲ နူးညံ့တဲ့ အလှတရား တွေက လူတွေရဲ့ စိတ်ခံစားမှူကို ပျော်ရွှင်မှု ပေးနိုင်ပါတယ်။ မြို့ပြလူ နေမှု စနစ် တွေကြားထဲ က ခဏ လောက်ခွဲထွက်ပြီး ခရစ် နဲ့ အတူ လိုက်သွားကြည့်လိုက်ပါ။

#BbH
#TrueStory
#IntoTheWild
#Jon_Krakauer
#YarPyae
#Translation

Books Review by Aung PhyoWhere stories live. Discover now