မေ - ဒဂုံတာရာ

0 0 0
                                    

#မေ

မေ့ကို စသိတာ ၂၀၁၆ တည်းကပါ။ အခုထပ်ဖတ်တာ တောင် မေက မ ပြောင်းလဲ သေးပါဘူး။ စဖတ်တုန်းက ခံစားချက် အတိုင်းပါပဲ။ ဒီဝတ္ထုက မြန်မာ့ စာပေ လောက မှာ နာမည် ကျော်ကြားတဲ့ ဝတ္ထု တွေထဲက တစ်ခုပါ။ နာမည် ကျော်ကြားသလို အရှိန်အဝါလဲ ကြီးတဲ့ ဝတ္ထုပါ။ ပထမ အကြိမ်ထုတ် ဝေတဲ့ ၁၉၄၁ ခုနှစ်က နေတွက်ရင် အခုဆို နှစ် ပေါင်း ၇၁ နှစ်ကြာတဲ့ အထိ ခေတ် တွေ ပြောင်းလာတာ တောင် မေ က မရိုးသွားပါဘူး။ ခေတ်အလိုက် မေ က စီး မြောနေ နိုင်တာက အားသာချက်တစ်ခုပါ။

မြန်မာ စာ အ ရေးအသားက ထူးခြားတယ်။ ဆန်းသစ်တယ်။ စကားလုံး အသစ် တွေကို ထည့်ပြီး ရေးထားတယ်။ ဒီ ကာလမှာ ထွက်တဲ့ စာအုပ် တွေမှာ မြင်ရတဲ့ တူညီတဲ့ ဆန်းသစ်တီထွင်မှု ပေါ့။ ပိုပြီးထူးခြားတာက ဒဂုန်တာရာက သာ ဒီစာအုပ် ဟာ ဘာသာပြန်စာအုပ်ပါ လို့ ပြောမထားရင် လုံးဝ မြန်မာ ဝတ္ထုစစ်စစ်ပါ။ ဘာသာပြန် နဲ့ မတူ အောင်ကို ထူးခြားလွန်းတယ်။

မေ့ ကို ပထမဆုံးမြင်ရမှာ ဖြူစင်တဲ့၊ ရိုးသားတဲ့ ကျောင်းသူ လေးတစ် ဦး အဖြစ် နဲ့ပါ။ တဖြည်းဖြည်း စာဖတ်သူကို မေ ရဲ့ သရုပ်အမှန်၊ စရိုက် အမှန်ကို မြင်ရဖို့ ဆွဲခေါ်သွားတဲ့ ဇာတ်လမ်းတည် ဆောက်ပုံက အင်မတန်လှပါတယ်။ စာဖတ် သူ အ နေနဲ့ မေ့ ပတ်ဝန်းကျင်ကို လက်လှမ်းမှီနိုင် အောင် ခံစားရေးသားထားတယ်။ မေက တော်တယ်၊ ထူးချွန်တယ်၊ ရောက်တဲ့ နေရာ ပတ်ဝန်းကျင် မှာ သဟဇာတ ဖြစ် အောင် နေနိုင်တယ်။

သူမှာ ပင်ကိုယ်စရိုက် နဲ့ ဟန် ဆောင်ထားတဲ့ စရိုက်နှစ်ခု ကြားမှာ သူ လိုချင်တာ တွေ၊ ဖြစ်ချင်တာ တွေကို လုပ်ယူသွားတယ်။ သူ ပြောင်းလဲ ဖို့အချိန်၊ သူ့ အ ကြောင်းတွေကို လူ တွေသိသွားတဲ့အချိန်မှာ သူပြင်ချင် ပေမဲ့ လက်မခံတဲ့ လူ တွေကိုထားခဲ့ပြီး တကယ့် မေ စစ်စစ်ကို နောက်ဆုံးမှာ မြင်ရလိမ့်မယ်။

ဒီထဲမှာ လူ တွေရဲ့ ဟန် ဆောင် လောက ကြီးကို ကြောက်ဖို့ ကောင်း အောင်မြင်ရမယ်။ လိုတစ်မျိုး၊ မလိုတစ်မျိုး လူ တွေကြားမှာ အသက်ရှင်ကတဲ့ ကျပ်တဉ်းမှုကို မြင်ရမယ်။ ဖြူစင်တဲ့ သူငယ်ချင်း မေတ္တာ၊ ချစ် ခြင်း မေတ္တာကို တွေ့ရမယ်။ လှည့်ဖြားတက်တဲ့ လူ တွေကို မြင်ရမယ်။

ဖတ်လို့ပြီးသွားတဲ့ အခါ ဘာ ကြောင့်များ မေ က ဒီလို ဖြစ်ရသလဲ ဆိုတာ အများကြီး တွေးမိတယ်။ မေ သည် မိဘနှစ်ပါးမရှိတဲ့ မိဘမဲ့၊ ဆွေမျိုးသားချင်းလဲ မရှိတဲ့ တစ် ကောင်ကြွက်၊ သူ့မှာ နောက်ဆံတင်းစရာ ဆို ဘာမှ မရှိ။ ဒီအတွက် ကြောင့်များ မေ က သူ နေချင်သလို၊ ဖြစ်ချင်သလို...နေခဲ့ လုပ်ခဲ့တာများလား။ သူကိုယ်တိုင် မိဘ နေရာကို ရောက်တဲ့အခါ သူ အရင်က မှားခဲ့တာ တွေကို နောင်တရ ပြီး သူ ပြင်ဖို့ ကြိုးစားပေမဲ့ နောက်ကျ သွားခဲ့ပါပြီ။ သူ့ကို လက်မခံတဲ့ နေရာကို စွန့်ခွာပြီးသွား ဖို့ သူဟာရဲရဲကြီး ဆုံးဖြတ်လိုက်တဲ့ အချိန်က အရမ်းကို မှင်တက်မိတဲ့ အခန်းပါ။ ဖတ်ကြည့် ဖို့ တိုက်တွန်းပါရ စေ...။

#BbH
#Novel
#May
#DagonTarYar
#Translate

Books Review by Aung PhyoWhere stories live. Discover now