1(Edited)

267 10 0
                                    

Unicode

ဒုန်း

ခွမ်း

"အား"

ထက်ဝေယံတစ်ယောက် ကန်တင်းမှအထွက် သူ့ crush ထက်အာကာကိုမြင်လိုက်၍ အငမ်းလွန်ကာ ရှေ့မှ စားပွဲခုံနှင့် အချစ်စမ်းလိုက်ခြင်း။ ငထက်ဆိုသည်မှာ အာကာ့ကိုမြင်လိုက်သည်နှင့် ရေနွေးအပူတွေ သောက်လိုသောက်၊ ထမင်းကြော်ပန်းကန်ထဲ ကော်ဖီတွေ လောင်းထည့်လိုထည့်၊ ခုံတွေဝင်တိုက်မိလိုတိုက်နှင့် တစ်ကြိမ်နှင့်တစ်ကြိမ် မရိုးစေရ။ ယခုလည်း စားပွဲနှင့် ဝင်မိတ်ဆက်ပြန်ပြီ။ ဘေးကသူငယ်ချင်း ဇွဲသုတကတော့ သိပ်မပြောချင်ဘူးနော်ဆိုသည့် အကြည့်မျိုးနှင့်။ အားလုံး၏မျက်လုံးများကလည်း အသံလာရာဆီဝိုင်းကြည့်နေကြသည်ကြောင့် ဇွဲသုတတစ်ယောက် ရှက်ရှက်နှင့် ငထက်ကို အတင်းဆွဲ၍ ခေါ်လာခဲ့သည်။

"ချီးပဲ ဟရောင်.. ဖြစ်လိုက်ရင် အရာရာနဲ့ အကြောင်းကြောင်း၊ မြန်မြန်လာ၊ နောက်မှငမ်း"

"မင်းကလည်းကွာ.. ငါ့ခွက်ကြီးက ညှို့နိုင်အားပြင်းလွန်းလို့ပါကွ"

"သေလေ.. ငမ်းလာတာ ဘယ်နှနှစ်ရှိပြီလဲ။ ဘာမှအဖြစ်ရှိအောင်လည်းမလုပ်နိုင်ဘဲနဲ့"

"ဘာလုပ်ရမှာလဲဟ။ သူ့ဘက်ကမှမစတာ ငါ့ဘက်က ဘာလို့စရမှာလဲ။ ငထက်တို့ကတော့ သူချေကိုယ်ချေပဲ ဟရောင်"

"အေးပါကွာ.. မိုးမြေအဆုံး ချေမိုးနိုင်ပါစေ"

ထက်ဝေယံဆိုသည်မှာ အဝေးကနေသာ crush တာ။ မျက်နှာချင်းဆိုင်တွေ့လျှင်တော့ ချေမိုးနေတာများ နာရင်းပြေးအုပ်ချင်စရာ။

ဆိုလိုက်ဆဲလိုက်နှင့် E-major တတိယနှစ်အတန်းထဲရောက်လာတော့ ၃ ပုံ ၂ ပုံသော ကောင်မလေးများ၏ မျက်လုံးတွေက သူတို့ဆီမှာ။ အတိအကျပြောရလျှင် အသားဖြူဖြူ၊ အရပ်မြင့်မြင့်၊ ညှို့မျက်ဝန်းများနဲ့ ညာပါးချိုင့်လေးပိုင်ရှင်လေး ဇွဲသုတဆီမှာ။

"ဟယ် ဒီနေ့ ငါ့ကိုကိုအတန်းတက်တယ်"

"အား.... မနက်က ခေါင်းပေါ်ငှက်ချီးပါချတာ ဒါကြောင့်ကိုး"

"အမလေး စာသင်ဖို့အတွက် အားတွေရှိလာသလိုပဲ"

"ကိုယ့်ရဲ့နံနက်ခင်းဗီတာမင်လေး"

ငြိတွယ်ခြင်း(ငြိတွယ်ခြင်း)Where stories live. Discover now