Unicode
"ဒုန်း"
"ခွမ်း"
"အား"
ထက်ဝေယံတစ်ယောက် ကန်တင်းမှအထွက် သူ့ crush ထက်အာကာကိုမြင်လိုက်၍ အငမ်းလွန်ကာ ရှေ့မှ စားပွဲခုံနှင့် အချစ်စမ်းလိုက်ခြင်း။ ငထက်ဆိုသည်မှာ အာကာ့ကိုမြင်လိုက်တာနဲ့ ရေနွေးအပူတွေသောက်လို့သောက်၊ ထမင်းကြော်ပန်းကန်ထဲ ကော်ဖီတွေလောင်းထည့်လို့ထည့်၊ ခုံတွေဝင်တိုက်မိလို့တိုက်နဲ့ တစ်ကြိမ်နဲ့တစ်ကြိမ် မရိုးစေရ။ အခုလည်း စားပွဲနဲ့ ဝင်မိတ်ဆက်ပြန်ပြီ။ ဘေးကသူငယ်ချင်း ဇွဲသုတကတော့ သိပ်မပြောချင်ဘူးနော်ဆိုတဲ့အကြည့်မျိုးနဲ့။ အားလုံးရဲ့မျက်လုံးတွေကလည်း အသံလာရာဆီဝိုင်းကြည့်နေကြသည်မို့ ရှက်ရှက်နှင့် ငထက်ကို အတင်းဆွဲ၍ခေါ်လာခဲ့သည်။
"ချီးပဲ...ဟရောင်... ဖြစ်လိုက်ရင် အရာရာနဲ့ အကြောင်းကြောင်း။ မြန်မြန်လာ။ နောက်မှငမ်း"
"မင်းကလည်းကွာ... ငါ့ခွက်ကြီးက ညှို့နိုင်အားပြင်းလွန်းလို့ပါကွ"
"သေလေ..ငမ်းလာတာ ဘယ်နှနှစ်ရှိပြီလဲ။ ဘာမှအဖြစ်ရှိအောင်လည်းမလုပ်နိုင်ဘဲနဲ့"
"ဘာလုပ်ရမှာလဲဟ။ သူ့ဘက်ကမှမစတာ၊ ငါ့ဘက်က ဘာလို့စရမှာလဲ။ ငထက်တို့ကတော့ သူချေကိုယ်ချေပဲ ဟရောင်"
"အေးပါကွာ မိုးမြေအဆုံးချေနိုင်ပါစေ"
ထက်ဝေယံဆိုသည်မှာ အဝေးကနေသာ crush တာ။ မျက်နှာချင်းဆိုင်တွေ့ရင် ချေမိုးနေတာများ နာရင်းပြေးအုပ်ချင်စရာ။
ဆိုလိုက်ဆဲလိုက်နှင့် E-major တတိယနှစ်အတန်းထဲရောက်လာတော့ ၃ ပုံ ၂ ပုံသော ကောင်မလေးတွေရဲ့မျက်လုံးတွေက သူတို့ဆီမှာ။ အတိအကျပြောရရင် အသားဖြူဖြူ၊ အရပ်မြင့်မြင့်၊ ညှို့မျက်ဝန်းတွေနဲ့ ညာဘက်ပါးပေါ်က ပါးချိုင့်လေးပိုင်ရှင် ဇွဲသုတဆီမှာ။
"ဟယ် ဒီနေ့ ငါ့ကိုကိုအတန်းတက်တယ်"
"အားးး မနက်က ခေါင်းပေါ်ငှက်ချီးပါချတာ ဒါကြောင့်ကိုး"
"အမလေး စာသင်ဖို့အတွက် အားတွေရှိလာသလိုပဲ"
"ကိုယ့်ရဲ့နံနက်ခင်းဗီတာမင်လေး"
YOU ARE READING
ငြိတွယ်ခြင်း(ငြိတွယ်ခြင်း)
Romanceနှလုံးသားဖြင့် ခံစားပါ... (ပထမဆုံး fic လေးမို့ စာဖတ်သူတို့ မျှော်လင့်ထားသလောက် ဖြစ်ချင်မှလည်း ဖြစ်မယ်၊ စာဖတ်သူတို့ကို စိတ်ကျေနပ်မှု ပေးစွမ်းနိုင်ရင်တော့ အပျော်ဆုံးပေါ့၊ အနည်းဆုံးတော့ စိတ်ခံစားမှု တစုံတစ္ရာကို ပေးစွမ်းနိုင်လေမလား....) နှလုံးသားဖြင့်...