Unicode
"ဇွဲသုတ မင်းအဖေ ငါ ခေါ်နေတာကြာပြီ ဒီမနက် မင်းရဲ့ အဲဒီရုပ်ကြီး ပြန်ပြင်ဦးမှာလား စိတ်နဲ့ကိုယ်နဲ့ရော ကပ်ဦးမှာလား"
"ငါ့ရုပ်က ဘာဖြစ်နေလို့လဲ စိတ်နဲ့ကိုယ်နဲ့လည်း ခွာမရအောင်ကိုကပ်တယ် ပြော ဘာပြောမလို့လဲ"
ခေါင်းကို စာအုပ်နဲ့ အားပါပါရိုက်လိုက်မှ မျက်ကလဲဆန်ပျာနှင့် သတိဝင်လာပြီး မင်သေသေနှင့်ပြောနေသည့် ဇွဲသုတကို ငထက် ယောက်ျားပီပီ မျက်စောင်းတစ်ချက်ထိုးလိုက်ကာ
"ဒီအချိန်ပြီး ဌာနကို tutorial စာအုပ်တွေသွားယူဖို့ လိုက်ခဲ့ပေး"
"ကျားသားမိုးကြိုး မင်းက ဘယ်တုန်းက အတန်းကိစ္စတွေ လုပ်တတ်သွားတာလဲ"
"ဟဲဟဲ ဒါက ဒီလိုရှိတယ် ဒီအချိန်ပြီး နောက်ဆုံးနှစ်မှာလည်း tuto ရှိတယ်လေ သူတို့စာအုပ်တွေ ဘယ်သူလာယူမယ်ထင်လဲ"
"ဘယ်သူလဲ"
"သေချာပေါက် EC ငါ့ကိုကိုပဲပေါ့ကွ ငပိန်းရ"
"ကိုကိုတဲ့ ရွံတာ"
ဇွဲ နှုတ်ခမ်းကိုမဲ့ ကိုယ်ကို နောက်တွန့်ပြီး ပြောလိုက်တော့ မကျေမချမ်းနဲ့ ရှက်သွားတဲ့ ထက်ဝေယံမျက်နှာက ခရမ်းချဉ်သီးလေးပမာ။ ထက်ကလေးဟာ စိတ်လည်း ဆိုးတတ်သေးသည်။ သူစိတ်ဆိုးရင် ဖြစ်သွားတဲ့ စူပုတ်ပုတ်မျက်နှာလေးက တကယ်ကို အူယားစရာ။ အဲဒါကြောင့်...
"သည်းလေးကလည်းကွာ... သည်းက ကိုယ်သဝန်တိုအောင်တွေ ခေါ်ပြနေတာကို"
"သေမလို့ သည်းလေးပါလား ဇွဲသုတ မင်းကတော့ အသက်ရှင်ရတာ ပျင်းနေပြီထင်တယ်"
"သည်းလေး ကိုယ့်ကိုကျ ပြောရက်တယ်နော် အဲဒါဆို စာအုပ်သွားယူဖို့ မလိုက်ခဲ့ဘူး"
စူပုတ်ပုတ်မျက်နှာလေးနဲ့ မျက်လုံးလှန်ကြည့်လာတော့......
"ကိုကို လို့ခေါ်ရင် လိုက်ခဲ့မယ်"
"သေတောင် မခေါ်ဘူး လိုက်ချင်လိုက် မလိုက်ချင်နေ"
"မလိုက်ဘူး တစ်ယောက်တည်းသွား"
"သွားမှာ မလိုက်နဲ့"
"မလိုက်ဘူး"
ဘာမှပြန်မပြောဘဲ ငြိမ်သွားပုံထောက်ရင် စိတ်ကောက်သွားပြီ။ ယောက်ျားဆိုတာ စိတ်မကောက်ရဘူးလို့ပြောလည်း ပြောပြောပင်။ သူကတော့ ငါ့စိတ်နဲ့ငါ ငါကောက်ချင်ကောက်မယ်၊ မကောက်ချင်မကောက်ဘူး။ ယောက်ျားလည်း စိတ်ရှိတယ် ကောက်တတ်တယ်ဆိုကာ သူလိုချင်တာ မရတိုင်း၊ သူဖြစ်ချင်တာ မဖြစ်ရတိုင်း၊ စိတ်ကောက်အရွဲ့တိုက်တော့တာပင်။ သူ့ကို ဟိုလူကြီးနဲ့ မြန်မြန်အဆင်ပြေစေချင်ပါပြီ။ ဒါမှ ကျွန်တော့်ဒဏ်တွေ ဒီလူခံရမှာ။
YOU ARE READING
ငြိတွယ်ခြင်း(ငြိတွယ်ခြင်း)
Romanceနှလုံးသားဖြင့် ခံစားပါ... (ပထမဆုံး fic လေးမို့ စာဖတ်သူတို့ မျှော်လင့်ထားသလောက် ဖြစ်ချင်မှလည်း ဖြစ်မယ်၊ စာဖတ်သူတို့ကို စိတ်ကျေနပ်မှု ပေးစွမ်းနိုင်ရင်တော့ အပျော်ဆုံးပေါ့၊ အနည်းဆုံးတော့ စိတ်ခံစားမှု တစုံတစ္ရာကို ပေးစွမ်းနိုင်လေမလား....) နှလုံးသားဖြင့်...