Unicode
"အာကာရေ.... အာကာ"
လူမမြင်ရသေးမီ အသံကအရင်ရောက်လာသည့် မိခြူးမ။
တစ်ခါတလေ သူစဉ်းစားမိသည်။ ဘယ်ဘဝကဝဋ်ကြွေးတွေကြောင့်များ မိခြူးနှင့် သူငယ်ချင်းလာဖြစ်နေရလဲဟူ၍။ ယခုလည်း ကျောင်းကပြန်ရောက်ကတည်းက အိပ်နေသည့် သူ့ကို ဘာဒုက္ခပေးချင်လို့များ ဆိုင်းမဆင့်ဘုံမဆင့် ရောက်ချလာပါလိမ့်။ အောက်ထပ်က အသံစွာကျယ်ကျယ်ကြောင့် သူ ဆင်းလာလိုက်ပြီး ဖွာလန်ကြဲကာ မျက်နှာပေါ်ကျနေသည့် ဆံနွယ်များကြား လက်ချောင်းတွေထိုးကာ နောက်ကို လှန်တင်ရင်း...
"ဘာလဲ၊ ဘာကိစ္စရှိလို့လဲ"
"နင် ဘယ်သွားစရာရှိလဲလို့ လာမေးတာ"
ေဩာ် ဘယ်နှရာစုနှစ်ကို ရောက်နေတဲ့ မိခြူးပါလိမ့်နော်။
လူကိုယ်တိုင်လာကတည်းက တစ်နေရာရာကို အပါခေါ်တော့မည့် သူငယ်ချင်းမလေးအကြောင်းကို သူသိပြီးသားပါ။ သူ့ဘက်ကလည်း သူငယ်ချင်းတွေတောင်းဆိုလျှင် အတတ်နိုင်ဆုံး လိုက်လျောတတ်သည်ကြောင့်လည်း ပါမည်။ ခြူးက ဘယ်ပဲသွားချင်သွားချင် သူ့ကို အပါခေါ်တတ်သည်။ တစ်ခုခု လုပ်ချင်မိပြီဆိုလျှင်လည်း ဇွတ်။ ရှေ့နောက် မစဉ်းစား။ ကိုးတန်းကတည်းက ပေါင်းမိလာကြသည့် သည်တဇွတ်ထိုးသူငယ်ချင်းလေးအကြောင်း စဉ်းစားမိပြန်တော့ သူ့ထက်ပိုခေါင်းမာပြီး ပိုတစ်ယူသန်၊ ပိုတဇွတ်ထိုးကျသည့် ဘေးအိမ်က ငယ်သူငယ်ချင်းလေးကလည်း မစဉ်းစားရပါဘဲ အတွေးထဲဝင်လာပြန်သည်။
အင်း.. အခုတော့ ထိုသူငယ်ချင်းမလေးက သူ့ကို မခေါ်နိုင် မပြောနိုင် ဖြစ်နေပေမယ့်လို့ပေါ့။
"မရှိဘူး၊ ဘာဒုက္ခပေးချင်လို့လဲ"
"ဒုက္ခပေးမလို့ မဟုတ်ပါဘူးဟယ်။ ကောင်းမှုတစ်ခု နေ့စဉ်ပြုတဲ့သဘောပါ။ ငါ့ကို ကန်ဘောင်လိုက်ပို့"
"ဘာဆိုင်လို့လဲ၊ ကောင်းမှုတစ်ခုနေ့စဉ်ပြုတာနဲ့ နင်ကန်ဘောင်သွားတာနဲ့ ဘာဆိုင်လို့လဲ"
"သိချင်လိုက်ပို့။ မသိချင်လည်းလိုက်ပို့။ ဒါပဲ။ အခုမှ အိပ်ရာထဲက ထလာတဲ့ပုံကြီးဟာ။ သွား ရေသွားချိုး၊ မြန်မြန်လုပ်"
YOU ARE READING
ငြိတွယ်ခြင်း(ငြိတွယ်ခြင်း)
Romanceနှလုံးသားဖြင့် ခံစားပါ... (ပထမဆုံး fic လေးမို့ စာဖတ်သူတို့ မျှော်လင့်ထားသလောက် ဖြစ်ချင်မှလည်း ဖြစ်မယ်၊ စာဖတ်သူတို့ကို စိတ်ကျေနပ်မှု ပေးစွမ်းနိုင်ရင်တော့ အပျော်ဆုံးပေါ့၊ အနည်းဆုံးတော့ စိတ်ခံစားမှု တစုံတစ္ရာကို ပေးစွမ်းနိုင်လေမလား....) နှလုံးသားဖြင့်...