Unicode
..... ခင်ဗျားအနားရောက်ဖို့
ဘယ်ကုသိုလ်ကံကို အားကိုးရမလဲ
ဘယ်အရွေ့ကမှ ခင်ဗျားနဲ့နီးမှာလဲ .............................................
ချပ် ချပ် ချပ်
တိတ်ဆိတ်ငြိမ်သက်သည့် ညသန်းခေါင်ယံတွင် နာရီသံတချပ်ချပ်ကသာ ကြီးစိုးနေသည်။ တစ်ဆောင်လုံးအိပ်နေကြသော်လည်း အိပ်မပျော်သူတစ်ယောက်က ထက်ဝေယံ။ မနက်က အာကာပြောလိုက်သည့် စကားများကို ပြန်ကြားယောင်ကာ အတောမသတ်နိုင်သည့် အတွေးတွေနှင့် အိပ်ရာထဲမှာ တလူးလူးတလှိမ့်လှိမ့်။
ဘာလဲ ဒီလူကြီးက ငါ့အချစ်ကို မယုံကြည်တာလား။
ငါ့ကို သတ္တိကြောင်တယ်လို့ ထင်နေတာလား။
သူ့ကို အပျော်ကြံတယ်များ အောက်မေ့နေလား။
ငါ့ကို ပေါ့ပျက်ပျက်ကောင်လေးတစ်ယောက်လို့ ထင်နေတာလား။
သူစိုးရိမ်ကြောင့်ကြနေတဲ့ အရာတွေကို ဒီကရော မတွေးမိဘူးလို့ ထင်နေတာလား။
သူ့လက်ကို ခရီးဆုံးထိ တွဲမသွားနိုင်ဘူးလို့ ထင်နေတာလား။
ငါ့ကို သတ္တိကြောင်တယ်လို့ ထင်နေတာလား။
အရာရာကို ရင်မဆိုင်ရဲဘူးလို့ ထင်နေတာလား။
ငါ့အချစ်ကို မယုံကြည်တာလား။
သူ့လက်ကိုသာ တွဲထားရရင် အရာအားလုံးကို ရင်ဆိုင်နိုင်တယ်ဆိုတာ ဒီလူကြီး မသိတာလား။မေးခွန်းလေးငါးခုလောက်နှင့် ပတ်လည်ရိုက်နေတာ မနက်နှစ်နာရီကျော်သွားပြီ။ အဖြေထွက်လားဆိုတော့လည်း မထွက်။ သည်အဖြေက သူဖြေရမှာမဟုတ်။ ဟိုလူကြီးဖြေရမှာ။ သို့သော် ...။
ဒီလူကြီးကို သူဘယ်လိုလုပ်ရပါ့မလဲ။ ငါလိုချင်တဲ့ အဖြေရအောင် လုပ်ရမလား။ စိုးရိမ်ကြီးလွန်းပြီး အကြောက်လွန်နေတဲ့လူကြီးကို စိတ်ရှိတိုင်း ပစ်ထားလိုက်ရမလား။
နေပါဦး။ စိတ်ရှိတိုင်း ပစ်ထားလိုက်ရမလားဆိုတော့ ငါတကယ် ဒီလူကြီးကို ပစ်ထားနိုင်လို့လား။ ဟင့်အင်း မဖြစ်ပါဘူး။ ပစ်မထားနိုင်ပါဘူး။ ဒီလူကြီးက SKB ကြီး။ လူကြီးဘေးနားမှာ ငါမရှိတော့ရင် ငါ့နေရာဝင်ယူမယ့် ကောင်လေးတွေရော ကောင်မလေးတွေရောက တပုံကြီး။ အဲလိုတော့ အဖြစ်မခံနိုင်ဘူး။ ဒါဆို ဘာလုပ်ရမလဲ။
YOU ARE READING
ငြိတွယ်ခြင်း(ငြိတွယ်ခြင်း)
Romanceနှလုံးသားဖြင့် ခံစားပါ... (ပထမဆုံး fic လေးမို့ စာဖတ်သူတို့ မျှော်လင့်ထားသလောက် ဖြစ်ချင်မှလည်း ဖြစ်မယ်၊ စာဖတ်သူတို့ကို စိတ်ကျေနပ်မှု ပေးစွမ်းနိုင်ရင်တော့ အပျော်ဆုံးပေါ့၊ အနည်းဆုံးတော့ စိတ်ခံစားမှု တစုံတစ္ရာကို ပေးစွမ်းနိုင်လေမလား....) နှလုံးသားဖြင့်...