2

1.7K 163 103
                                    

Unicode

...လောကဓံက ကျီစားသန်တဲ့အခါ

ဘယ်သွားစွယ်လေးကို ပြေးခိုတွယ်ရမလဲ....

..........................................

"Good bye, class"

"Good bye teacher, thank you teacher"

တီချယ်ထွက်သွားတာနဲ့ လွယ်အိတ်ထဲက ဖတ်လက်စစာအုပ်ကို ထုတ်ပြီး ဖတ်နေလိုက်သည်။

"သွန်း ဘာစာအုပ်ဖတ်နေတာလဲ"

"ဆရာတော်ရဝေနွယ်(အင်းမ)ရဲ့ အချစ်နဲ့ဝိပဿနာ။ အချစ်နဲ့မကင်းတဲ့သူတိုင်း ဖတ်သင့်တဲ့စာအုပ်"

"အမယ်... ဟုတ်လှချည်လား။ ဘယ်လိုတွေရေးထားတာလဲ။ နည်းနည်းပြောပြ"

"အချစ်မှာ အသိဉာဏ်ရှိတဲ့အချစ်နဲ့ အသိဉာဏ်မဲ့တဲ့ အချစ်ဆိုပြီး နှစ်မျိုးရှိတယ်။ အဲဒါကိုမှ အသိဉာဏ်မဲ့တဲ့အချစ်နဲ့ မချစ်မိလိုက်ဖို့နဲ့၊ အချစ်အတွက်နဲ့ အကုသိုလ်တွေမပြုမိလိုက်ဖို့ကို ဇာတ်လမ်းလေးတွေ တရားသဘောလေးတွေနဲ့ ရေးပြသွားတာ။ ငါကတော့ အချစ်နဲ့မကင်းသူတိုင်း ဖတ်ကိုဖတ်သင့်တဲ့စာအုပ်လို့ ‌ပြောချင်တယ်။ ...
...... နင်လည်းဖတ်။ ဒါမှ နင့်ရဲ့အင်ဂျင်နီယာကိုကိုက ထားခဲ့လို့ အသည်းကွဲတဲ့အခါ ဖြေသာနိုင်အောင်လို့"

"ဟဲ့ အဲဒါ နင်ပဲဖတ်ရမှာ။ နင်သာ အသည်းကွဲပြီးကျန်ခဲ့မှာ။ ပြောရင်းဆိုရင်း ဟိုမှာ နင့် crush လာပြီ"

ဇဝါမေးငေါ့ပြရာကိုကြည့်လိုက်တော့ အသားဖြူဖြူ၊ အရပ်က ၆ ပေနီးပါး၊ မျက်ခုံးကောင်းကောင်း၊ နှာတံစင်းစင်း၊ ယောလုံချည်နဲ့ ရှပ်အင်္ကျီအနက်လက်ရှည်‌လေးကို တွဲဖက်ဝတ်ဆင်ထားပါသော သွန်းရဲ့နတ်သားလေးဟိန်းတေဇ။ ပထမနှစ်ရဲ့ ပထမဆုံးကျောင်းတက်တဲ့နေ့မှစ နောက်ဆုံးနှစ်ထိတိုင်အောင် သွန်းငေးမောခဲ့ရပါသော လူသား။ ဒါပေမဲ့ သူ့မျက်နှာကို အမြဲတမ်းတွေ့နိုင်သည်တော့မဟုတ်။ စာမေးပွဲ‌ဖြေဆိုခွင့်ရဖို့ roll call ပြည့်ရုံလောက်နဲ့ tutorial ‌ဖြေချိန်လောက်သာ အတန်းလာတက်တဲ့လူကြီးပါ။

သူငယ်ချင်းနှစ်ယောက်ပြောနေတုန်း အနားသို့ ဟိန်းတေဇလျှောက်လာပြီး......

"သွန်းရတု...နောက်အချိန် tuto ဖြေမှာမလား"

"ဟုတ်"

ငြိတွယ်ခြင်း(ငြိတွယ်ခြင်း)Where stories live. Discover now