Unicode
"ဇွဲသုတ.. မင်းအဖေ ငါ ခေါ်နေတာကြာပြီ။ ဒီမနက် မင်းရဲ့ အဲဒီရုပ်ကြီး ပြန်ပြင်ဦးမှာလား။ စိတ်နဲ့ကိုယ်နဲ့ရော ကပ်ဦးမှာလား"
"ငါ့ရုပ်က ဘာဖြစ်နေလို့လဲ။ စိတ်နဲ့ကိုယ်နဲ့လည်း ခွာမရအောင်ကိုကပ်တယ်။ ပြော ဘာပြောမလို့လဲ"
ခေါင်းကို စာအုပ်နှင့် အားပါပါရိုက်လိုက်မှ မျက်ကလဲဆန်ပျာနှင့် သတိဝင်လာပြီး မင်သေသေနှင့်ပြောနေသည့် ဇွဲသုတကို ငထက်က ယောက်ျားပီပီ မျက်စောင်းတစ်ချက် ထိုးလိုက်ကာ...
"ဒီအချိန်ပြီး ဌာနကို tutorial စာအုပ်တွေသွားယူဖို့ လိုက်ခဲ့ပေး"
"ကျားသားမိုးကြိုး၊ မင်းက ဘယ်တုန်းက အတန်းကိစ္စတွေ လုပ်တတ်သွားတာလဲ"
"ဟဲဟဲ၊ ဒါက ဒီလိုရှိတယ်လေ။ ဒီအချိန်ပြီးရင် နောက်ဆုံးနှစ်မှာလည်း tuto ရှိတယ်လေ။ သူတို့စာအုပ်တွေ ဘယ်သူလာယူမယ်ထင်လဲ"
"ဘယ်သူလဲ"
"သေချာပေါက် EC ငါ့ကိုကိုပဲပေါ့ကွ ငပိန်းရ"
"ကိုကိုတဲ့။ ရွံတာ"
ဇွဲက နှုတ်ခမ်းကိုမဲ့၊ ကိုယ်ကို နောက်တွန့်ပြီး ပြောလိုက်တော့ မကျေမချမ်းနှင့် ရှက်သွားသည့် ထက်ဝေယံမျက်နှာက ခရမ်းချဉ်သီးလေးပမာ။ ထက်ကလေးသည် စိတ်လည်း ဆိုးတတ်သေးသည်။ သူစိတ်ဆိုးလျှင် ဖြစ်သွားတတ်သည့် စူပုတ်ပုတ်မျက်နှာလေးက တကယ်ကို အူယားစရာ။ ထို့ကြောင့်...
"သည်းလေးကလည်းကွာ.. သည်းက ကိုယ်သဝန်တိုအောင်တွေ ခေါ်ပြနေတာကို"
"သေမလို့ သည်းလေးပါလား။ ဇွဲသုတ မင်းကတော့ အသက်ရှင်ရတာ ပျင်းနေပြီထင်တယ်"
"သည်းလေး ကိုယ့်ကိုကျ ပြောရက်တယ်နော်။ အဲဒါဆို စာအုပ်သွားယူဖို့ မလိုက်ခဲ့ဘူး"
စူပုတ်ပုတ်မျက်နှာလေးနှင့် မျက်လုံးလှန်ကြည့်လာတော့...
"ကိုကို လို့ခေါ်ရင် လိုက်ခဲ့မယ်"
"သေတောင် မခေါ်ဘူး။ လိုက်ချင်လိုက် မလိုက်ချင်နေ"
"မလိုက်ဘူး။ တစ်ယောက်တည်းသွား"
YOU ARE READING
ငြိတွယ်ခြင်း(ငြိတွယ်ခြင်း)
Romanceနှလုံးသားဖြင့် ခံစားပါ... (ပထမဆုံး fic လေးမို့ စာဖတ်သူတို့ မျှော်လင့်ထားသလောက် ဖြစ်ချင်မှလည်း ဖြစ်မယ်၊ စာဖတ်သူတို့ကို စိတ်ကျေနပ်မှု ပေးစွမ်းနိုင်ရင်တော့ အပျော်ဆုံးပေါ့၊ အနည်းဆုံးတော့ စိတ်ခံစားမှု တစုံတစ္ရာကို ပေးစွမ်းနိုင်လေမလား....) နှလုံးသားဖြင့်...