ဆီမီးအရောင်ကြောင့် ပိုလို့ဝင်းဝါနေသော လည်ဆွဲဘယက်ဟာ ကြည့်လေ လှလေပင်။ ဒေါင်းနှုတ်သီးထဲတွင် သေးငယ်သော ပတ္တမြားအလုံးလေးဟာလည်း အရည်တလဲ့လဲ့ ။ ဘေးဘက်မှာယှဥ်ချထားသည့် ပတ္တမြားလက်စွပ်နှင့်အတူ တစ်စုံစာ သွန်းလုပ်ထားသည်ကို ခန့်မှန်းမိသည်။ ဒေါင်း ဆိုသည်က သူရိယနေမင်းကို ကိုယ်စားပြုပြီး ရာဇမင်းတို့၏ သင်္ကေတပင်။ ပတ္တမြားလက်စွပ်တွင်ပါသော ဒေါင်းရုပ်ကြောင့် သည်လက်စွပ်ဟာ အိမ်ရှေ့စံသာဝတ်ဆင်သည့်ရတနာဖြစ်ပေမည်။ ဒေါင်းဘယက်ကတော့ အိမ်ရှေ့မိဖုရားအတွက်ပေါ့ ။ ဒေါင်းဘယက်နှင့်လက်စွပ်ကို အတူယှဥ်ချထားပြီး ငေးငိုင်နေမိသည်မှာ ဘယ်လောက်ကြာသွားသည်မသိ။ အထိန်းတော်ကြီးကပင် သတိပေးလာရသည်။
" အရှင့်သား အချိန်လင့်နေပါပြီ စက်တော်ခေါ်ပါတော့ ဘုရား "
သလွန်တော်ထက်လဲလျောင်းရင်း စက်တော်ခေါ်ဖို့ ပြင်ပေမယ့် အိမ်ရှေ့စံသူရနရာဇ် က အတွေးထဲမှ ပျောက်မသွား ။ လိမ်လည်လှည့်ဖျားခံရသည်ကို သိသွားခဲ့လျှင် ဘယ်လောက်များ အမျက်တော်ရှလိမ့်မလဲ။ သက်ပြင်းကိုသာ အကြိမ်ကြိမ် ချမိပေမယ့် ဘာမျှမတတ်နိုင်ခဲ့။
ဟင်းးးး
တစ်ဖက်က ဧည့်သည်နန်းဆောင်တွင် အိမ်ရှေ့စံသူရနရာဇ် မှာ ကိုယ်ရံတော် စောလှ၏လျှောက်တင်ချက်များကို နားထောင်ရင်း မျက်မှောင်ကြုံ့လာလေသည်။
" မြောက်နန်းစံဖုရားရဲ့ သေဆုံးမှုဟာ မိဖုရားခေါင်ကြီးရဲ့ လက်ချက်မကင်းပါဘူးဘုရား "
သန္ဓေတည်သည်နှင့်ပင် ရန်ရှာခံခဲ့ရသည့် မြောက်နန်းမိဖုရားအကြောင်း ၊ တပင်တိုင်မင်းသမီး ကိုပင် ရွာငယ်ဇနပုဒ်မှာ သွားရောက်ဖွားမြင်ခဲ့ရကြောင်း သိလာရသည်။ နောက်ဆုံးအကြိမ် သန္ဓေတည်စဥ်မှာတော့ အသက်ပါဆုံးခဲ့ရသည့် မိဖုရား ။ ထိုအချိန်က စုဖုရားလေး ဘယ်လောက်တောင် ကြေကွဲဝမ်းနည်းနေခဲ့ရှာမလဲ။ ငယ်စဥ်ကတည်းက အသက်ကိုရန်ရှာမည်စိုးသဖြင့် တပင်တိုင်မြနန်းနဲ့ စံမြန်းခဲ့ရသည်။ အများအမြင်မှာ ချစ်ခင်မြှောက်စားခံရသည့်မင်းသမီးဖြစ်ပေမယ့် သူ့အမြင်မှာတော့ ထောင်သွင်းချခံရသည်နှင့်မခြား။ နန်းတက်မည့် ဘုရင်နှင့်သာ လက်ဆက်ရမည်ဆိုသည့် ကန့်သတ်ချက်က ရှိနေသေးသည်။
သူနှင့်သာ အတူရှိခဲ့လျှင် စုဖုရား လေး ဘဝ လွတ်လပ်မှုတော့ ရမှာပင်။ အာဏာပြိုင်ဆိုင်မှုတွေ ကောက်ကျစ်မှုတွေမရှိသည့် နဒီဝဠာတိုင်းကိုပဲခေါ်ဆောင်သွားတာ အကောင်းဆုံးရွေးချယ်မှုဖြစ်သည်။
DU LIEST GERADE
တပင်တိုင်နန်း..စံမြန်းလေသူ _Completed
Historische Romaneအာဏာနဲ့ ထီးနန်းတွေ ကြားက အချစ်တစ်ခု