အရှိန်ဟုန်ပြင်းပြင်းတောက်လောင်ခဲ့သော မီးတောက်ဟာ မည်မျှပင်ကြီးမားနေပါစေ အချိန်တန်လျှင် ငြိမ်းသက်သွားရစမြဲပင်။ တစ်ချိန်က အာဏာစက်ထက်ခဲ့ပါသော မိဖုရားခေါင်ကြိီးသည်လည်း သလွန်ထက်လျောင်းစက်ရင်း မရဏတံခါးဝဆီ လျှောက်လှမ်းနေခဲ့ပြီ။ သေဆုံးခါနီးလူတစ်ယောက်ကို မြင်ရသည့်အခါ အတိတ်က မကျေနပ်မှုများဟာ ရုတ်ချည်းပင်ပျောက်ကွယ်လို့ သွားခဲ့ချေပြီ။
" နောင်တော် "
နန်းဆောင်အပြင်ဘက်တွင် ရပ်စောင့်နေသော ဘုရင်မင်းမြတ်ကို ကြည့်ရသည်မှာ အထီးကျန်ဆန်သော အငွေ့အသက်တွေလွှမ်းခြုံနေပေသည်။
" တပင်တိုင်နန်းကို မွမ်းမံပြင်ဆင်ထားတယ် သိင်္ဂ ပြန်စဥ်းစားပါဦးလားကွယ် "
ဘဝတစ်သက်လုံး သင့်တော်သလို နေထိုင်ခဲ့ရင်း အသက်ရှင်ခဲ့ရသည်။ ဘုရင့်သွေးဖြစ်ပါလျက်နဲ့ သာမာန်လူတွေလိုတောင် ပျော်ရွှင်ငြိမ်းချမ်းခြင်းမရခဲ့သည့်ဘဝမို့ အစစ်မှန်ပျော်ရွှင်မှုကို ရှာဖွေတွေ့ရှိလာတဲ့အခါ လက်မလွှတ်နိုင်တော့ပေ။
" တကယ်သာဆိုရင် အိမ်ရှေ့စံဘက်ကသာ ပြန်စဥ်းစားရမှာပါ နောင်တော် ညီတော့်ဘက်မှာက ဆုံးရှုံးစရာဘာမှမရှိပါဘူး တစ်သက်လုံး တပင်တိုင်မင်းသမီးအနေနဲ့ ရှင်သန်ခဲ့ရပြီးပြီပဲ မိဖုရားတစ်ပါးအနေနဲ့ မနေနိုင်စရာ အကြောင်းမရှိပါဘူး "
" အိမ်ရှေ့စံအရိုက်အရာကို ငြင်းပယ်ရလောက်တဲ့အထိ အဲ့ဒီလူကို မြတ်နိုးမိသလား ညီတော် "
တိတ်ဆိတ်စွာလှုပ်ရှားသွားလာနေသော နန်းတွင်းအပျိုတော်တွေ ကြောင့် နန်းတော်တစ်ခုလုံးက ပိုလို့ပင် အထီးကျန်ဆန်နေခဲ့သည်။သည်လိုနေရာမျိုးမှာ အာဏာပိုင်စိုးနေလို့ရော ဘာများထူးပါဦးမည်နည်း။
" ပုလ္လင်ပေါ်မှာစံမြန်းနေရတာ နောင်တော် စိတ်ချမ်းမြေ့မှုရရဲ့လား "
သူ့ရဲ့အမေးကြောင့် စဥ်းစားကာ တွေဝေသွားသည့် နောင်တော်။ စကားပြန်မဆိုဘဲ ငြိမ်သက်နေသဖြင့် သူကပင် ဆက်ပြောလိုက်သည်။
" ရေမြေကို ပိုင်စိုးတဲ့အရှင်သခင်ဖြစ်နေတာတောင် ပျော်ရွှင်မှုမရဘူးဆိုရင် ဘာ့ကြောင့်များ ထီးနန်းကို မက်မောနေပါဦးမလဲ နောင်တော် ချစ်ကြင်နာသူနဲ့အတူ အေးချမ်းတဲ့ဘဝကို ဖြတ်သန်းရတာကမှ ပိုကောင်းပါဦးမယ် "
DU LIEST GERADE
တပင်တိုင်နန်း..စံမြန်းလေသူ _Completed
Historische Romaneအာဏာနဲ့ ထီးနန်းတွေ ကြားက အချစ်တစ်ခု