မြို့ရိုးတံခါးပိတ်သွားခဲ့ပေမယ့် မြို့တော်အတွင်း ရှိ လမ်းများထက်တွင်မူ ပျားပန်းခပ်မျှ သွားလာလှုပ်ရှားနေသူများက ရှိနေဆဲ။ မြင်းဇက်ကြိုးကို ဆွဲလို့ လမ်းလျှောက်လာရင်း ဘေးဘီဝဲယာကို စူးစမ်းကြည့်နေမိသည်။ မြစ်ကမ်းနဘေးတွင် တည်ရှိနေသော နန်းမြို့တော်ဖြစ်လေရာ ရွှံ့စေးဖြင့်ပြုလုပ်ထားသော အသုံးအဆောင်ပစ္စည်းများ ရောင်းချနေသည်ကို နေရာတိုင်းတွင် တွေ့နေရသည်။ အိမ်ရှေ့စံအိမ်တော်ထဲတွင်သာ နေပြီး အပြင်ထွက်ခဲ့သည်မှာ ရှားပေသည်မို့ ယခုမှသာ အေးအေးဆေးဆေး ပတ်ကြည့်ခွင့်ရခဲ့သည်။
ဝေဠုဝတ္တတိုင်းကတော့ သစ်တောဝါးတောတွေပေါများသည့် နေရာဖြစ်သဖြင့် သစ်ပင်ဝါးပင်နဲ့ပြုလုပ်ထားသည့် ပစ္စည်းတွေသာ ပေါများပေသည်။ ငယ်စဥ်အခါက တပင်တိုင်နန်းဆောင်ထဲတွင် ပုန်းအောင်းနေရစဥ် ဆော့ကစားမည့်အဖော်မရှိလေရာ ခမည်းတော်ယူဆောင်လာခဲ့သည့် သစ်သားရုပ်တွေကိုသာ အဖော်ပြုခဲ့ရသည်ကို တွေးမိပြန်သည်။
" သားတော် ဘယ်လိုလုပ်ရမလဲ ခမည်းတော်
အရာအားလုံး နေရာတကျဖြစ်တော့မယ် ဆိုပေမယ့် သားတော် မဆုံးဖြတ်နိုင်သေးဘူးဘုရား "" ဟဲ့ ယနေ့ ဧကဝတ္တတိုင်း က မင်းသမီးရောက်လာသတဲ့ တော့် "
" ဟယ် အဲ့သည်တိုင်းပြည်ကလူတွေနှယ် မျက်နှာမပူပေဘူး "
ရေခပ်ပြန်လာသည့်မိန်းမကြီးတစ်သိုက်ရဲ့ စကားသံများကို ကြားလိုက်သည့်အချိန် မသိမသာပင် နားစွင့်နေလိုက်သည်။
" အရင်တစ်ခါက ကျုပ်တို့မင်းသမီးကလေးကို လက်ဆက်ဖို့ လာတောင်းတယ် သည်တစ်ခါက သူတို့ဘက်က မင်းသမီးကို ပြန်လာပို့သတဲ့ "
" မှန်ပေရဲ့လား အမိရယ် "
" ကျုပ်အိမ်သားက အမတ်ကြီးအိမ်က ငယ်ကျွန်လေတော် "
မင်းသမီး မုဒြာ နန်းတော်ထဲကို ရောက်နေသတဲ့လား။ အမှန်တကယ်ပဲ အိမ်ရှေ့စံနဲ့ လက်ဆက်စေဖို့များလား ။ တွေးရင်းနဲ့ ခြေလှမ်းတွေကို ခပ်မြန်မြန်လျှောက်ကာ အိမ်ရှေ့စံ အိမ်တော်ဆီ ဦးတည်ခဲ့တော့သည်။ အိမ်တော်အပေါက်ဝတွင် ဆီးကြိုနေသည့် စောလှလက်ထဲ မြင်းကိုအပ်လိုက်ကာ
ESTÁS LEYENDO
တပင်တိုင်နန်း..စံမြန်းလေသူ _Completed
Ficción históricaအာဏာနဲ့ ထီးနန်းတွေ ကြားက အချစ်တစ်ခု