လေပြေညင်းတွေနဲ့အတူ တရွေ့ရွေ့ပျောက်ကွယ်သွားသော ကျောပြင်ကိုကြည့်ရင်း လျှို့ဝှက်စွာပြုံးလိုက်မိသည်။ လက်ထဲတွင်ကိုင်ထားသော ဒေါင်းဘယက်ကို သေတ္တာထဲ ပြန်ထည့်ပြီးနောက်
" စောလှ ပြန်သိမ်းလိုက်တော့ "
သူ့အမိန့်ရသည်နှင့် ပုန်းကွယ်နေခဲ့သော စောလှဟာ ရှေ့ထွက်လာပြီး သေတ္တာကို ယူလိုက်သည်။ ချက်ချင်းပြန်မထွက်သွားသေးဘဲ တွန့်ဆုတ်နေသဖြင့် မျက်မှောင်ကြုံကာ မေးလိုက်သည်။
" လျှောက်တင်စရာရှိလို့လား "
" အခုလိုမျိုးတွေလုပ်နေတာ အရှင်တကယ်ပဲ စိတ်ကျေနပ်တော်မူပါရဲ့လား "
" ကိုယ်တော် တကယ်ပဲ ကျေနပ်တော်မူတယ် "
တည်တင်းနေသော သူ့အသွင်ပြင်ဟာ စိတ်ကျေနပ်မှုရှိသည့်အသွင် ဘယ်လိုမှ မဖြစ်ပေ။ ဒါကိုလည်း သူကိုယ်တိုင်သိပါ၏။
.
" တကယ်ပဲ မနာကျင်ရဘူးလား အရှင်ရယ် "ဘယ်လိုတွေပဲ ဟန်ဆောင်ထားပါစေ ငယ်စဥ်ကတည်းက အပါးတွင်ခစားခဲ့သော စောလှကိုတော့ မဖုံးကွယ်နိုင်ခဲ့။ အရှင်နှင့်ကျေးကျွန်ဆိုသော်ငြား စောလှဟာ ငယ်ပေါင်းကြီးဖော်ဆွေရင်း ဆိုလည်းဟုတ်သည်။
" နာကျင်ရတယ် စောလှ ကိုယ်တော် အလွန့်ကို နာကျင်ရတယ် ဒါပေမယ့် ကိုယ်တော်ခံစားရသလိုမျိုး သူ့ကိုလည်း နာကျင်စေချင်တယ် "
ကိုယ်တော် မင်းကို နာကျင်စေချင်တယ် သိင်္ဂ။ ချစ်သူပျောက်လို့ ရူးမတတ် လိုက်ရှာခဲ့ရတဲ့အချိန်တွေ ၊ အသက်ရှိနေပါလျက်နဲ့ ဖုံးကွယ်ပြီး နေခဲ့တာတွေ ၊ ပြီးတော့ ကိုယ်တော့်ဘက်က နှလုံးသားတစ်ခုလုံး ပေးအပ်ခဲ့တာတောင်မှ စွန့်ပစ်ခဲ့တာတွေ သိပ်ကို နာကျင်ခဲ့ရတယ် သိင်္ဂ။
တယုတယဖမ်းဆုပ်မိခဲ့တဲ့ လက်ဖဝါးပြင်ဟာ နူးညံ့မှုထက် အသားမာတချို့ကိုသာ ထိတွေ့မိခဲ့ရချိန် သူ စပြီး သတိထားမိခဲ့သည်။ ပင်တိုင်စံမင်းသမီးဟာ အမျိုးသားတစ်ယောက်ဖြစ်နေတာကို သိပါလျက်နဲ့ မျက်စိစုံမှိတ်ကာ လက်ဆက်ဖို့ပြင်ခဲ့သည်။ တွေ့ဆုံရသည့် ရက်ပိုင်းလေးအတွင်းမှာပင် သူဟာ အလိုလို ဒူးထောက်ပေးခဲ့ရသည်။
YOU ARE READING
တပင်တိုင်နန်း..စံမြန်းလေသူ _Completed
Historical Fictionအာဏာနဲ့ ထီးနန်းတွေ ကြားက အချစ်တစ်ခု