Part (1)

8K 103 1
                                    

#ကြယ်ကလေးရဲ့ချစ်ပုံပြင်

Part _ 1

"သမီး ရေ ကေကေ  မပြီးသေးဘူးလားကွယ်"

"မေမေတို့ကလည်း ကိုယ့်သမီး တခြားနေရာသွားရမှာကို တက်ကြွနေတာပဲ "

"အဲ့လို မပြောရဘူးလေ သမီးရဲ့ ဖေဖေတို့ မေမေတို့က သမီး ကို ပညာတတ်စေချင်လို့ ပိုက်ဆံအကုန်ခံပြီး ကိုယ်ပိုင်အထက်တန်းကျောင်းမှာသွားထားမှာ အဖေတို့ စေတနာကို သမီး အထင်မလွှဲရဘူးလေ "

"ဟုတ်ကဲ့ သမီး သိပါပြီ "

ကေကေသည် လေးလံသော ခြေလှမ်းတို့ဖြင့် ကားပေါ်သို့ တက်လိုက်သည် ။

" ဦးရေ မောင်းလို့ရပြီလား "

ကားဆရာဦးလေးကြီးက မေးလိုက်သောအခါ အဖေ ခေါင်းညိတ်ပြလိုက်သည် ။ တိုးညင်းစွာ ထွက်ပေါ်လာသော ကားစက်နိုးသံပင်လျှင် ကေကေ့ အတွက် လေမုန်တိုင်းထန်သကဲ့သို့ ရင်ထဲတွင် ကျယ်လောင်စွာပဲ့တင်ထပ်လျက်ရှိသည် ။

" သမီး အခုတက်ရမယ့်ကျောင်း နာမည်က ဖူးသစ်ဝေဆာ တဲ့ "

"ဟုတ် ဟုတ် မေမေ "

ကေကေသည် တုန်ရီနေသော အသံများကို အတတ်နိုင်ဆုံး ထိန်း၍ပြောလိုက်သည် ။

"ဖူးသစ်ဝေဆာ " ဟူသော ကျောင်းသည် ကျောင်းကုန်းမြို့တွင်ရှိသည်မှ လွှဲ၍ ကေကေ ဘာမျှ မသိပေ ။ အချိန်အားဖြင့် မေလ ကုန်ခါနီးဖြစ်၍ ကားလမ်းဘေးတစ်လျှောက်တွင် စိမ်းစိုသော စပါးပင်ငယ်လေးများအားတွေ့ရသည် ။ ကေကေသည် ကားမှန်ကိုဖွင့်၍ မျက်စိတစ်ဆုံး ကျယ်ဝန်းလှသော လယ်ကွင်းပြင်တို့ကိုငေးကြည့်လျက်ရှိသည် ။

စိမ်းစိမ်းစိုနေသော စပါးပင်ငယ်ကလေးများ ၊ ဖွေးဖွေးဖြူနေသော ရေပြင်ကျယ်တို့နှင့်အတူ ရဲရဲနီနေသော ကြာနီးပန်းတို့ကိုမြင်၍ ကေကေ့၏စိတ်ထဲတွင် ပူဆွေးမှုများသက်သာ၍ အနည်းငယ် စိတ်သက်သာရာ ရလာသည် ။ ထဘီကို တိုတိုဝတ်ကာ လယ်ကွင်းပြင်ထဲတွင် ကန်စွန်းရွက်ခူးနေကြသော ပျိုမေတို့အား တွေ့ရသကဲ့သို ပုဇွန်လုံးနှိုက်နေကြသော ကလေးများအားလည်း တွေ့ရသည် ။ ထိုမြင်ကွင်းများကိုမြင်၍ ကေကေသည် ငယ်စဉ်အခါက လယ်ကွင်းထဲ ပြေးလွှားခဲ့သည်များကို သတိရလာမိသည် ။

ကြယ်ကလေးရဲ့ချစ်ပုံပြင်Where stories live. Discover now