Part _ 14
အခန်းထဲသို့ ရောက်သောအခါ ဆရာသည် ကေကေ့ကို ကုတင်ပေါ်သို့ အသာလေးချလိုက်သည် ။ ထို့နောက် ကေကေ့ ကိုယ်ခန္ဓာလေးအား ပွေ့ဖက်၍ အကြင်နာ အနမ်းများ ဆက်တိုက်ပေးလိုက်သည်။
"ကလေးလေး ဆရာ့ကို ချစ်လား "
"အရမ်းချစ်တာပေါ့ ဆရာရယ် "
"ဒီနေ့ ဆရာ့ ကလေးလေး ကို ဆရာ ပိုင်ဆိုင်ရတော့မှာ ပျော်လိုက်တာ ကလေး ရယ် "
"ကလေးက ပိုပျော်ပါတယ် ဆရာရယ် "
ဆရာဦးလရောင်မင်းသော်ခ သည် ကေကေ့၏ နှုတ်ခမ်းဖူးဖူးလေးအား ဆွဲယူကာ အကြင်နာ အနမ်းများ ခြွေလိုက်သည် ။ ကေကေသည် ရင်ခုန်လွန်း၍ မျက်လုံးလေးများမှိတ်ထားသည် ။ ထို့နောက် ဆရာ နှင့် ကေကေတို့သည် လောကကြီးတွင် နှစ်ယောက်တည်း ရှိနေသည့်အလား ချစ်ကြည်နူးကြသည် ။
အချိန်အားဖြင့် မနက် (၇) နာရီ ရှိနေလေပြီ ။ မနက်ခင်း၏ နေရောင်ခြည် ဖျော့ဖျော့လေးသည် အနွေးဓာတ်တို့ကို သယ်ဆောင်ကာ ကောင်းကင်တစ်ခွင်မှ ဖြာကျလျက်ရှိသည် ။ ထိုနေရောင်ခြည် ဖျော့ဖျော့လေးသည် လိုက်ကာမှ တစ်ဆင့် အခန်းထဲသို့ ဝင်ရောက်လာသည် ။ ဆရာဦးလရောင်မင်းသော်ခ နှင့် ကြယ်စင်ကေသရီ တို့ ဇနီးမောင်နှံသည် တစ်ယောက်ကိုတစ်ယောက် ကျစ်ကျစ်ပါအောင် ဖက်ထားရင်း ကုတင်ထက်တွင် အိပ်မောကျလျက်ရှိသည်။
"တီ•••တီ••••"
ထိုအချိန်တွင် ဆရာဦးလရောင်မင်းသော်ခ၏ ဖုန်းမြည်လာသည် ။ ကေကေလည်း ဆရာဦးလရောင်မင်းသော်ခ၏ ရင်ခွင်ထဲမှ ရုန်း၍ ဖုန်းအား လှမ်းယူရန် ကြိုးစားသည် ။ သို့ရာတွင် လက်ဖြင့်မမှီ၍ ဆရာဦးလရောင်မင်းသော်ခအား နိုးလိုက်သည် ။
"ဆရာ ဆရာ ဖုန်းထကိုင်လိုက်အုံး "
"ဘယ်မှာလဲ ကလေးလေး "
"အာ•••မသိဘူးဟာ ကိုယ့်ဘာသာရှာ အိပ်ရေးပျက်တယ် "
ဆရာဦးလရောင်မင်းသော်ခလည်း အိပ်ချင်မူးတူးဖြင့် ဖုန်းထကိုင်သည် ။
"Hello "
"အံမယ် ဆရာဦးလရောင်မင်းသော်ခတို့ မိန်းမရပြီးတော့ လေသံတွေဘာတွေ ပြောင်းလို့ပါလား "
YOU ARE READING
ကြယ်ကလေးရဲ့ချစ်ပုံပြင်
Romanceအသားညိုညို အရပ်ရှည်ရှည် ရင်အုပ်ကျယ်ကျယ်တို့က ဦးခ၏ ကိုယ်ခန္ဓာ အလှအား ပေါ်လွင်စေသကဲ့သို့ မျက်ခုံးထူထူ မျက်လုံး တောက်တောက်နဲ့ မျက်ဝန်းကြည်ကြည်တို့က ဦးခ၏ မျက်ဝန်းအား ခန့်ညားစေလေသည်