Part _ 10
"ကလေးရယ် ဆရာက ရိုးရိုးရှင်းရှင်းလေးပြောတာလေ ကလေးပဲ ပေါက်ကရတွေတွေးနေပြီးတော့ "
"ဆရာနော် "
ကေကေသည် နှုတ်ခမ်းလေးကိုဆူပြီး တစ်ဖက်သို့ လှည့်သွားသည် ။ ဆရာဦးခလည်း ပူပူနွေးနွေး ကောင်မလေးအားချော့ရန် ဟန်ပြင်ရတော့သည်။
"ကလေးလေးရယ် မကောက်ပါနဲ့ နော် ဆရာက ကလေးစိတ်ကောက်ရင် မနေတတ်လို့ပါ "
"ဟီးဟီး မကောက်တော့ဘူး "
ဆရာဦးလရောင်မင်းသော်ခလည်း ကေကေ့အား ပွေ့ဖက်၍ နဖူးလေးအား နမ်းလိုက်သည်။ ထို့နောက် ကေကေ့အတွက် ပြုလုပ်ထားသော လက်ထပ်လက်စွပ်လေးအား ကေကေ့လက်သူကြွယ်၌ စွပ်ပေးလိုက်သည်။
"ဆရာက တော်လိုက်တာ ကလေး နဲ့ ကွက်တိပဲ "
"ဆရာက တော်တာပေါ့ တော်လို့လည်း ဒီလိုမိန်းမချောလေးကို ရထားတာပေါ့ "
"အဲ့ဒါဆိုရင် အလိုလိုက်လေ "
"ဆိုးရင်တော့ ရိုက်မှာ "
"ဆရာ့နှာခေါင်းလေးနဲ့သာ ပါးပြင်ကိုရိုက်မယ်ဆိုရင် ဆယ်ခါလောက် အရိုက်ခံချင်တာ "
"စကားတတ်လေး "
"ဆရာ ဒီမှာ လက်စွပ်လေးပြန်သိမ်းထား "
"ဟုတ်ပါပြီဗျာ ပြီးရင် ပြန်ကြမယ် နော် "
"ဟုတ် "
ဆရာဦးလရောင်မင်းသော်ခ သည် ကေကေနှင့် ချစ်သူဖြစ်ပြီးကတည်းက ကေကေ့အပေါ် ကလေးလေးတစ်ယောက်လို ဂရုစိုက်သည်။ ကေကေ့အား အလိုလိုက်သကဲ့သို့ စည်းကမ်းတကျ နေထိုင်တတ်ရန် သွန်သင်ပေးသည် ။
"Helllo ကလေး မထသေးဘူးလား "
"အာ....ဆရာကလည်း အစောကြှီး ဘာလို့ ဖုန်းဆက်တာလဲ "
"၈နာရီခွဲနေပြီ ဆရာတောင် ကျောင်းသွားတော့မှာလေ ကလေးရယ် "
"သွားပါလား ဘာလို့ သူများကို လာနိုးလဲ မထဘူးဟာ "
ကေကေသည် ခြေထောက်ကို ဆောင့်၍ အိပ်ချင်မူးတူး အသံဖြင့်ပြောသည် ။
"အင်းပါ ဆက်အိပ်လေ ဆရာက ညနေကျရင် ကလေးလေး အတွက် မုန့်တွေဝယ်ပြီး လာပို့မလို့ ကလေးလေး က စကား နားမထောင်ဘူး ဆိုတော့လည်း "
YOU ARE READING
ကြယ်ကလေးရဲ့ချစ်ပုံပြင်
Romanceအသားညိုညို အရပ်ရှည်ရှည် ရင်အုပ်ကျယ်ကျယ်တို့က ဦးခ၏ ကိုယ်ခန္ဓာ အလှအား ပေါ်လွင်စေသကဲ့သို့ မျက်ခုံးထူထူ မျက်လုံး တောက်တောက်နဲ့ မျက်ဝန်းကြည်ကြည်တို့က ဦးခ၏ မျက်ဝန်းအား ခန့်ညားစေလေသည်