Part _ 5
"ဆရာ အဲ့လိုတော့ မလုပ်သင့်ဘူးထင်တယ် "
"မလုပ်လို့ မရဘူးလေ ငါမှ မထိန်းနိုင်တော့တာ "
"ဆရာရယ် မစောလွန်းဘူးလား "
"ခုချိန်ထိတောင် မနည်းအောင့်ထားရတာ ဆက်ပြီး မထိန်းနိုင်တော့ဘူး ဒီနေရာ က လူပြတ်တယ် ခြုံတွေရှိတယ် အသင့်တော်ဆုံးသော နေရာပဲ "
"ဆရာရယ် သမီး က လက် မခံဘူး ဆိုရင်ရော "
"လက် မခံလည်း မရတော့ဘူး ကလေးမရေ "
"ဆရာ ရယ် ဒီလုပ်ရပ်က ဆရာ့ သိက္ခာနဲ့ မညီပါဘူး "
"သိက္ခာနဲ့ မညီတာ သိပါတယ် ဒါပေမယ့် မင်းတို့အိမ်ရောက်ဖို့က အဝေးကြီးလိုသေးတယ် လမ်းမှာလည်း ငါ အသိမရှိဘူး အဲ့တော့ ငါ အပေါ့သွားချင်တာ ဒီလိုပဲဖြေရှင်းရမှာပဲလေ "
"ရှင် အပေါ့သွားမလို့ ဆိုင်ကယ်ရပ်တာလား "
"အေးလေ မင်းက ဘာထင်လို့လဲ "
"ဟို ဟို အဲ့လိုပဲ ထင်တာပါ "
ကေကေမှာ အတွေးချော်မိသော ကိုယ့်အဖြစ်ကိုယ်တွေးကာ မျက်လုံးမပွင့်အောင် ရယ်နေတော့သည် ။
"ကဲ ရပြီ ကလေးမ "
"ဆရာရယ် ကလေးမလို့ ခေါ်မယ့်အစား ကလေးလေး လို့ ခေါ်ပါလား "
"ငါ ကောင်မလေး ရမှ အဲ့လို ခေါ်မယ် "
"ကေက ဆရာ့ကောင်မလေးပဲလေ "
"မဟုတ်ပါဘူး မင်းက ငါ့ကောင်မလေး မဟုတ်သေးဘူး "
ကေကေ နှုတ်ခမ်းလေးဆူပြီး မျက်မှောင်ကြုတ်လိုက်သည် ။ ဆရာ့ကို မသိမသာ မျက်စောင်းလေးထိုးရင်း မျက်နှာလေး ငုံ့ထားလိုက်သည် ။
"ဆရာ ပဲ စောစောက ချစ်တယ် ဆို "
"အင်းလေ ငါက ရင်ထဲရှိတာကို ပြောပြတာ မင်းကို ချစ်ရေးဆိုတာမှ မဟုတ်တာ ကလေးမ မင်း နဲ့ ငါ က ဆရာ နဲ့ တပည့်နော် နောက်ပြီး ငါက တစ်သက်လုံး သိက္ခာရှိရှိနေလာတာ ဘာမဟုတ်တဲ့ ကလေးငယ်လေး အတွက် ပတ်ဝန်းကျင် က ပြောတာ မခံနိုင်ဘူး မိကေကေ "
"ဟုတ်ကဲ့ပါ ဆရာ့ကို မချစ်တော့ဘူး မုန်းတယ် ဟုတ်ပြီလား "
"ချစ်သူမဖြစ်ခင်က စိတ်ကောက်ချင်တယ်ပေါ့လေ "
YOU ARE READING
ကြယ်ကလေးရဲ့ချစ်ပုံပြင်
Romanceအသားညိုညို အရပ်ရှည်ရှည် ရင်အုပ်ကျယ်ကျယ်တို့က ဦးခ၏ ကိုယ်ခန္ဓာ အလှအား ပေါ်လွင်စေသကဲ့သို့ မျက်ခုံးထူထူ မျက်လုံး တောက်တောက်နဲ့ မျက်ဝန်းကြည်ကြည်တို့က ဦးခ၏ မျက်ဝန်းအား ခန့်ညားစေလေသည်